သင်္ကြန်တွင်းကားခ ပိုကောက်တဲ့ YBS ယာဉ်တွေကိုတိုင်ကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေဆွဲနေတဲ့ YBS ယာဉ် တစ်စီးကို တွေ့ရစဉ်။ Photo: RFA
သင်္ကြန်တွင်းမှာ YBS ဘတ်စ်ကားတွေနဲ့ပတ်သက်ပြီး တိုင်ကြားတဲ့အမှု ၃၈ မှုရှိပြီး အများစုက ယာဉ်စီးခ ပိုတောင်း တဲ့ကိစ္စတွေ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူသယ်ယူ ပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ကပြော ပါတယ်။

အဲဒီ ၃၈ မှုထဲမှာ သန်လျင်ဘက်ကို သွားတဲ့လိုင်းတွေက ၁၅၀၀ အထိ တောင်းတာတွေရှိတယ်လို့ တိုင်ကြား ထားပြီး ယာဉ်လိုင်းတွေအလိုက် အရေးယူဖို့ ပြောထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှုး ဒေါက်တာမောင်အောင် က ပြောပါတယ်။

"၃၈ မှုပဲရှိပါတယ်၊ အများစုပေါ့နော် ငွေပိုကောက်တာကို တိုင်တာများပါတယ်၊ ဆရာတို့ပြောထားပြီးသားပဲ ယာဉ်စီးခပိုတောင်းရင်အရေးယူမယ်ဆိုတာလေ၊ ယာဉ်စီးခကတော့ သတ်မှတ်ထားတာထက်ကို ပိုတောင်း တာပေါ့၊ တစ်ချို့လည်း ၄၀၀ တို့ ၅၀၀ တို့ တောင်းတာပေါ့၊ အဲဒီမှာ တညင်ဘက်ကိုသွားတဲ့ မင်္ဂလာဈေးဘက် ကတော့ ၁၅၀၀ အထိတောင်တောင်းတယ်လို့ ပြောတယ်၊ ၃၈ မှုမှာ လိုင်းတွေအလိုက်ပဲ ဆရာတို့က အရေး ယူဖို့ ပြောထားပြီးပြီပေါ့နော်။"

သင်္ကြန်တွင်း ၄ရက်မှာသာ ယာဉ်လိုင်းအားလုံးကို ပုံမှန်ထွက်နေကျရဲ့ ၂၀ % ထွက်ကြဖို့ နဲ့ ယာဉ်စီးခတွေ ပိုမကောက်ကြဖို့ကို အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ညွှန်ကြားထားတာ ဖြစ်ပါတယ်။

တိုင်ကြားမှုတွေကို သက်ဆိုင်ရာကုမ္ပဏီတွေအလိုက် အရေးယူဖို့ညွှန်ကြားထားပြီး ဆိုတာကို အများပြည်သူသယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ထံ ပြန်လည်တင်ပြဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အနေနဲ့ ယာဉ်လိုင်း ဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက်တွေက ခရီး သွားပြည်သူတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာလိုမျိုး ပြစ်မှုကြီးတွေကိုသာ တိုက်ရိုက်အရေးယူမှုတွေ လုပ်ဆောင်တယ် လို့ ပြောပါတယ်။

တစ်ချို့ရုံးတွေက သင်္ကြန်ကာလပိတ်ရက်အဖြစ် ပိတ်ထားသေးတာကြောင့် ဒီနေ့နှစ်ဆန်း ၄ ရက်နေ့အထိ ယာဉ် လိုင်းတွေက ပုံမှန်အတိုင်းမထွက်ကြသေးဘဲ လာမယ့်ရက်သတ္တပတ်လောက်မှ ယာဉ်လိုင်းတွေ ပုံမှန် အစီးရေအ တိုင်းပြန်ထွက်မယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
သင်္ကြန်တွင်းကားခ ပိုကောက်တဲ့ YBS ယာဉ်တွေကိုတိုင်ကြား သင်္ကြန်တွင်းကားခ ပိုကောက်တဲ့ YBS ယာဉ်တွေကိုတိုင်ကြား Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.