မြိတ်မြို့တွင် WY စိတ်ကြွရူးသွပ်ဆေးပြား(၇၉၂၀)ပြားနှင့် ဘိန်းစာမှုန့်၊ ဆေးခြောက်များ ဖမ်းဆီးရမိ


မြိတ် ဧပြီ ၁၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ဘောင်ရိုးရပ်ကွက် သီတာလမ်း ကောင်းမြတ်၏နေအိမ် တွင် မူးယစ်ဆေးဝါး များရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ မြိတ်ခရိုင်မှုခင်းအကူတပ်ဖွဲ့မှ ရဲအုပ် ခင်မောင်အေး နှင့် တပ်ဖွဲ့ဝင်များ၊ မြိတ်မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ဦးချစ်ကိုကို ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်ပူးပေါင်းအဖွဲ့သည် ဧပြီလ(၁၁)၇က် နေ့လယ်(၂း၃၀)နာရီက သွားရောက် ရှာဖွေခဲ့ရာ ကောင်းမြတ်ကို နေအိမ်တွေ့ရှိရပြီး ၄င်းအိတ်ကပ်အတွင်းမှ ပလပ်စတစ်အိပ်ဖြင့် ထည့် ထားသည့် ၁ထုပ်လျင်(၀.၄)ဂရမ်ခန့်ရှိသော ဆေးခြောက်(၅)ထုတ်၊ (၂)ဂရမ်ခန့်ရှိသော ဆေးခြောက် (၂)ထုပ်၊ စုစုပေါင်းဆေးခြောက်(၆)ဂရမ်ခန့် နှင့် WYစိတ်ကြွဆေးပြား(၁)ပြားတို့အားဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးများနှင့်ပတ်သက်၍ ကောင်းမြတ်အား သက်သေများရှေ့၌ စစ်မေးရာတွင် မြိတ်မြို့ ပါရမီ(၂)ရပ် မာန်ပြေလမ်းနေ ဦးစိုးနိုင်ထံမှဝယ်ယူရရှိကြောင်း ကွင်းဆက်ဖေါ်ထုတ်ချက်အရ ပူးပေါင်း အဖွဲ့မှ သွားရောက်ဖမ်းဆီးရာ စိုးနိုင်ကို ၎င်း၏နေအိမ်တွင်ဖမ်းဆီးရမိပြီး နေအိမ်အား ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းမှ WYစိတ်ကြွရူးသွပ်ဆေးပြား(၆၀၀၀)ပြား၊ ရေချိုးခန်းရှေ့မှန်ခုံစားပွဲပေါ်မှ WYစိတ်ကြွ ရူးသွပ်ဆေးပြား(၁၉၂၀)ပြား၊ စုစုပေါင်း (၇၉၂၀)ပြားနှင့် ဆေးခြောက်ရိုးရွက်အစေ့ရောရာ (၁၀)ဂရမ် ခန့်ပါ(၁)ထုပ်၊ ဘိန်းစာမှုန့်(၂၀)ဂရမ်ခန့်ပါ(၁)ထုပ်နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံပြုသည့် ခဲပြားစ များနှင့် မီးခြစ်၊ ၎င်းအသုံးပြုသောဖုန်းနှင့် ဆိုင်ကယ် SCOOPY.I အမျိုးအစား အား သက်သေများနှင့် အတူ ဖမ်းဆီးမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသည့် ကောင်းမြတ်နှင့်စိုးနိုင်တို့အား မြို့မရဲတပ်ဖွဲ့ စခန်း မှ ကောင်းမြတ်အား မယ(ပ) ၅၂/ ၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ လည်းကောင်း၊ စိုးနိုင် အား မယ(ပ)၅၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ လည်းကောင်း အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

Iprd Myeik
မြိတ်မြို့တွင် WY စိတ်ကြွရူးသွပ်ဆေးပြား(၇၉၂၀)ပြားနှင့် ဘိန်းစာမှုန့်၊ ဆေးခြောက်များ ဖမ်းဆီးရမိ မြိတ်မြို့တွင် WY စိတ်ကြွရူးသွပ်ဆေးပြား(၇၉၂၀)ပြားနှင့် ဘိန်းစာမှုန့်၊ ဆေးခြောက်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.