ဆိုင်ကလုန်းမုန်တိုင်း”မာရသာ” (Maarutha) နောက် ၆နာရီအတွင်း သံတွဲမြို့အနီးမှ ဖြတ်ကျော်မည်

ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၇)၊၂၀၁၇ ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက်-အနောက် တောင်ဘက် (၇၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၈၂)မိုင်ခန့်နှင့် ကျောက်ဖြူမြို့ ၏ တောင်-အနောက်တောင်ဘက် (၁၁၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက် ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံကမ်း‌ခြေဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
=================================================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန်(၁၇:၃၀)နာရီ အချိန်တွင် မြောက် လတ္တီကျု(၁၇.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ် ပါသည်။

နောက်(၆)နာရီအတွင်းခန့်မှန်းချက်
=======================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၆)နာရီအတွင်း မြန်မာ နိုင်ငံ ရခိုင်ကမ်းရိုးတန်း ဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည် ဟု ခန့်မှန်းရပါ သည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင် သည်ဟု ခန့်မှန်းရပါသည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေ ပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက် ခတ်နိုင်ပါသည်။

(ဃ) ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုး တန်းဒေသ ကျောက်ဖြူမြို့၊ သံတွဲမြို့နင့် ဂွမြို့တို့၏ ကမ်းခြေဒေသများတွင် (၄)ပေမှ (၆)ပေခန့်၊ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသများတွင် (၂) ပေမှ (၄)ပေခန့်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
==============
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၂၄)နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေ သကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည် နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေကြီး အောက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါ သည်။

အကြံပြုချက်
=========
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိ ပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ဆိုင်ကလုန်းမုန်တိုင်း”မာရသာ” (Maarutha) နောက် ၆နာရီအတွင်း သံတွဲမြို့အနီးမှ ဖြတ်ကျော်မည် ဆိုင်ကလုန်းမုန်တိုင်း”မာရသာ” (Maarutha)  နောက် ၆နာရီအတွင်း သံတွဲမြို့အနီးမှ ဖြတ်ကျော်မည် Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.