တောင်ကိုရီးယားသမ္မတဟောင်း နှင့် Lotte အုပ်စု ဥက္ကဋ္ဌ တို့အား အကျင့်ပျက်ခြစားမှုများဖြင့် စွဲချက်တင်

တရားရုံးသို့ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေးအားတွေ့ရစဉ် (ဆင်ဟွာ)
    ဆိုးလ်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

    တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပတ်ဂွမ်ဟေး အား အကျင့်ပျက်ခြစားမှု စွဲချက်များစွာဖြင့် အစိုးရရှေ့နေများက ဧပြီ ၁၇ ရက်တွင် တရားစွဲဆိုခဲ့ပြီး တစ်ဖက်တွင်လည်း Lotte ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ Shin Dongbin ကို လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ပတ်အား အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေသည့် အစိုးရရှေ့နေများက သမ္မတဟောင်း ပတ်အား လာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု နှင့် လုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ပေါက်ကြားစေမှုတို့အပါအဝင် စွဲချက်ပေါင်း ၁၄ချက်ဖြင့် တရားစွဲဆိုထားကြောင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ပတ်အား မတ်လ ၁၀ ရက်နေ့တွင် ရာထူးမှ ထုတ်ပယ်ခဲ့ပြီး သုံးပတ်အကြာတွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

Lotte ကုမ္ပဏီ ဥက္ကဋ္ဌ ကိုလည်း စီးပွားရေးလုပ်ကွက်များရရှိစေရန် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ပေးခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တောင်ကိုရီးယားသမ္မတဟောင်း နှင့် Lotte အုပ်စု ဥက္ကဋ္ဌ တို့အား အကျင့်ပျက်ခြစားမှုများဖြင့် စွဲချက်တင် တောင်ကိုရီးယားသမ္မတဟောင်း နှင့် Lotte အုပ်စု ဥက္ကဋ္ဌ တို့အား အကျင့်ပျက်ခြစားမှုများဖြင့် စွဲချက်တင် Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.