တူရကီ နိုင်ငံ က အီရတ် နှင့် ဆီးရီးယား နယ်နိမိတ် အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် Kurds လက်နက်ကိုင် တပ်ဖွဲ့ဝင် ၇၀ ခန့်သေဆုံး
![]() |
တူရကီ နိုင်ငံ လေတပ် တပ်ဖွဲ့ မှ တိုက်လေယာဉ် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ) |
တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ ညွှန်ကြားရေး ဌာနချုပ် ၏ ဧပြီလ ၂၅ ရက်နေ့ က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တူရကီ နိုင်ငံ မှ တိုက်လေယာဉ် များသည် အီရတ် နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ နယ်နိမိတ် အတွင်းရှိ Kurds လက်နက်ကိုင် တပ်ဖွဲ့ ကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ရာတွင် ၄င်း လက်နက်ကိုင် တပ်ဖွဲ့ဝင် ၇၀ ခန့်ကို ချေမှုန်း နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
ထုတ်ပြန်ချက်တွင် လေကြောင်း တိုက်ခိုက်မှု အား ဒေသစံတော်ချိန် ဧပြီလ ၂၅ ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပြီး အီရတ် နိုင်ငံ မြောက်ပိုင်း Sinjar တောင်တန်း ဒေသ နှင့် ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Karachok တောင်တန်း ဒေသ ရှိ အကြမ်းဖက် တပ်ဖွဲ့ဝင် များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။
တူရကီ နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်တွင် လေကြောင်းတိုက်ခိုက်မှု သည် Kurds အလုပ်သမား ပါတီ နှင့် ၄င်းတို့၏ မဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် "ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့" လက်နက်ကိုင် အဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု တိုက်ခိုက်မှုတွင် Kurds လက်နက်ကိုင် တပ်ဖွဲ့ ၏ အခြေစိုက်စခန်း ၊ လက်နက်သိုလှောင်ရုံ နှင့် ဆက်သွယ်ရေး စင်တာ တို့ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။
Kurds အလုပ်သမား ပါတီ သည် ၁၉၇၉ ခုနှစ်တွင် တည်ထောင် ခဲ့ပြီး ရည်ရွယ်ချက် အားဖြင့် လက်နက်အင်အား မှ တစ်ဆင့် တူရကီ-အီရတ် နှစ်နိုင်ငံ နှင့် အီရန်-ဆီးရီးယား နှစ်နိုင်ငံ နယ်နိမိတ် အကြားရှိ Kurds လူမျိုးတို့ကို စုဝေးကာ သီးခြား နိုင်ငံ တစ်နိုင်ငံ ထူထောင်ရန် ဖြစ်သည်။ လက်ရှိချိန်တွင် ၄င်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့တို့သည် အီရတ် နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ မြောက်ပိုင်း တို့တွင် စုဝေးနေကြပြီး မကြာခဏ တူရကီ နိုင်ငံ နယ်နိမိတ် အတွင်း သို့ဝင်ရောက်ကာ တိုက်ခိုက်မှုများ ဆောင်ရွက်လေ့ရှိသည်။ထို့ကြောင့် တူရကီ နိုင်ငံ ၊ အမေရိကန် နိုင်ငံ နှင့် အီးယူ တို့မှ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
(Xinhua)
http://xinhuamyanmar.com
တူရကီ နိုင်ငံ က အီရတ် နှင့် ဆီးရီးယား နယ်နိမိတ် အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် Kurds လက်နက်ကိုင် တပ်ဖွဲ့ဝင် ၇၀ ခန့်သေဆုံး
Reviewed by THITHTOOLWIN
on
11:07
Rating:
