မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြ၀တီဘဏ်တို့အား KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လာရောက်ပစ်ခတ်တိုက်


နေပြည်တော်၊ ဧပြီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ KIA အကြမ်းဖက်သောင်းကျန်းသူများက ကောင်းမှုလွယ်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အား ဧပြီ ၁၁ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ဘဏ်၏အရှေ့ဘက်မှ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့်လည်းကောင်း၊ မန်ဝိန်းရပ်ကွက်ရှိ မြ၀တီဘဏ်အား ၉ နာရီ ၁၅ မိနစ်ခန့်တွင် ဘဏ်၏အနောက်ဘက်မှ အာရ်ပီဂျီများဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ဖြစ်စဉ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ပစ်ခတ်မှုကြောင့် မြ၀တီဘဏ်ရှေ့မျက်နှာစာရှိ ဘဏ်ဆိုင်းဘုတ်စာတမ်း အာရ်ပီဂျီ ဒုံးသီးစထိမှန်၍ စာသားများ ပဲ့ထွက်ကျေမွပျက်စီးခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်၏ ၅ ထပ်မြောက်ရှိ မိလ္လာရေပိုက် ၄၀ မမ ဗုံးသီးစထိမှန် ပျက်စီးခဲ့သည်။

ဖြစ်စဉ်များဖြစ်ပွားခဲ့သည့် နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြ၀တီဘဏ်တို့အား KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လာရောက်ပစ်ခတ်တိုက် မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြ၀တီဘဏ်တို့အား KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လာရောက်ပစ်ခတ်တိုက် Reviewed by THITHTOOLWIN on 22:41 Rating: 5
Powered by Blogger.