ဂျကာတာ ဧပြီ ၁ဝ
အင်ဒိုနီးရှားနိုင်ငံတွင် IS အဖွဲ့ဝင်ဟုယူဆရသည့် စစ်သွေးကြွ ခြောက်ဦးကို အသေဖမ်းမိခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြ သည်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်းက ဂျာဗားကျွန်းပေါ်တွင် ကြိုတင်သတင်းရရှိမှုကြောင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်IS အဖွဲ့ဝင်များ ဟု ယူဆရသည့်စစ်သွေးကြွများနှင့် အပြန်အလှန်တိုက်ခိုက်မှုများဖြစ် ပွားကာ ခြောက်ဦးအား အသေဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
စစ်သွေးကြွများကို ယာဉ်ထိန်းရဲများက ဦးစွာတွေ့ရှိခဲ့ခြင်းဖြစ်ကာ လုံခြုံရေးအဖွဲ့ဝင်များဘက်မှ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာတွင် စစ်သွေးကြွများသည် ကားပေါ်မှဆင်းကာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သည့်ဧရိယာအတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။ အင်ဒို နီးရှားရဲတပ်ဖွဲ့မှ အထူးအဖွဲ့ဝင်များသည် စစ်သွေးကြွများအား လိုက်လံ နှိမ်နင်းခဲ့ရာတွင် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်သွေးကြွခြောက်ဦးအား အသေဖမ်းမိခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ဆန်း ပိုင်းကလည်းIS အဖွဲ့ဝင်ဟု ယူဆရသည့်စစ်သွေးကြွများကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အသေဖမ်းမိခဲ့ဖူးသည်။
The Union Daily
https://www.facebook.com/uniondaily.net
IS အဖွဲ့ဝင်ဟု ယူဆရသော စစ်သွေးကြွခြောက်ဦးကို အင်ဒိုနီးရှားတွင် အသေဖမ်းမိ
Reviewed by THITHTOOLWIN
on
17:32
Rating:
