![]() |
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley |
Israel နဲ့ Palestine အရေးကို အဓိကအာရုံစိုက်ဆွေးနွေးတဲ့ လုံခြုံရေးကောင်စီရဲ့ လစဉ် အရှေ့အလယ်ပိုင်းဆိုင်ရာ စည်းဝေးပွဲမှာ လုံခြုံရေးကောင်စီအနေနဲ့ အရှေ့အလယ်ပိုင်းဒေသက တခြား ခြိမ်းခြောက်ရန်တွေကိုလည်း အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့တာပါ။
အကြမ်းဖက်လုပ်ရပ်တွေ၊ စစ်ရေးဆောင်ရွက်မှုလုပ်ပြီး ဒေသတွင်းမှာ မတည်ငြိမ်အောင် အီရန်နဲ့ Hezbollah အဖွဲ့တို့ ပူးပေါင်းကြံစည်လုပ်နေကြတယ်လို့ သံအမတ်ကြီး Haley ကဆိုပါတယ်။ ဒါကြောင့် အဓိကတရားခံကို စရှင်းဖို့လိုတယ်လို့ လုံခြုံရေးကောင်စီ စည်းဝေးပွဲမှာ ပြောကြားခဲ့တာပါ။
ဆီးရီးယားမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲ၊ အီရတ်နဲ့ ရီမန်နိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေမှာ အီရန်နဲ့ Hezbollah အဖွဲ့ပါဝင် ပတ်သက်နေတယ်လို့ သူကဆိုပြီး ဒီအန္တရာယ်တွေကို လုံခြုံရေးကောင်စီက မကိုင်တွယ်ရင် အမေရိကန်က ကိုင်တွယ်မယ်လို့ သံအမတ်ကြီးက Nikki Haley ကပြောပါတယ်။ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံကြားရရှိခဲ့တဲ့ သဘောတူညီမှုတွေအတိုင်း အီရန်ကလိုက်နာပေမယ့် Nuclear လက်နက်ထုတ်လုပ်နိုင်စွမ်းနဲ့ ထုတ်လုပ်ဖို့ စိတ်ပိုင်းဖြတ်မှုကိုတော့ ဒီသဘောတူချက်က မတားဆီးနိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကဗုဒ္ဓဟူးနေ့ကပဲ ဝေဖန်ခဲ့ပါတယ်။
အီရန်အပေါ် အရေးယူဒဏ်ခတ်မှုတွေကို ရပ်ဆိုင်းပြီး အပေးအယူလုပ်ခဲ့တဲ့ သဘောတူညီချက်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အဓိကအကျိုးရှိရဲ့လားဆိုတာကို ရက် ၉၀ အတွင်း ပြန်သုံးသပ်နေတယ်လို့ Trump အစိုးရက အခုသီတင်းပတ်ထဲမှာပဲ ကြေညာထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Iran အန္ဒရာယ်ကြီးထွားလာမှု ကန်တုံ့ပြန်လုပ်ဆောင်မည်
Reviewed by THITHTOOLWIN
on
07:47
Rating:
