တာချီလိတ်၌ ငွေကျပ်သိန်း(၄၃၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


တာချီလိတ် ဧပြီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်တွင် ယနေ့ နံနက် ၉ နာရီက ငွေကျပ် သိန်း(၄၃၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ကျောက်စိမ်းတုံးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ တာချီလိတ်မြို့၊ ၀ိန်းကျောက် ရပ်ကွက်၊ အမှတ်(၀က/၁၆)နေ စိုင်းခမ်းကျောက် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၄င်းအား တွေ့ရှိရပြီး၊ နေအိမ်နှင့် ခြံဝင်း အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၁၄၀၀)ပြား ၊ ဒေသတန်ဖိုးငွေကျပ် သိန်း(၃၂၁)သိန်းခန့်၊ WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၄၃)ပြား၊ ဒေသတန်ဖိုးငွေကျပ်သိန်း(၀ . ၆၄၅)ခန့်၊ ဘိန်းစိမ်းအမဲရောင် အစေးခဲ အလေးချိန်(၁.၅)ကီလိုခန့်ပါ တစ်ထုပ်၊ ဒေသတန်ဖိုးငွေ ကျပ်(၂၂.၅)သိန်းခန့်၊ ပန်းရောင်စိတ်ကြွဆေးမှုန့် အလေးချိန် (၂၅၀)ဂရမ်ပါ တစ်ထုပ်၊ လိမ္မော်ရောင် စိတ်ကြွဆေးမှုန့် (၃၀)ဂရမ်ပါ တစ်ထုပ် စုစုပေါင်း စိတ်ကြွဆေးမှုန့် (၂၈၀)ဂရန်ခန့် ဒေသ တန်ဖိုး ငွေကျပ်(၄၂)သိန်းခန့်၊ အိုက်စ် အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၁၈၀)ဂရန်ခန့်ပါ တစ်ထုပ် ၊ ဒေသ တန်ဖိုးငွေကျပ်(၄၅)သိန်းခန့်၊ အ၀ါရောင်အနံ့အမှုန့် (၁.၅)ကီလိုခန့်ပါ တစ်ထုပ်၊ အဖြူရောင်အမှုန့် (၅)ကီလို ခန့်ပါ တစ်ထုပ်၊ စုစုပေါင်း(၆.၅)ကီလိုခန့်၊ စိတ်ကြွဆေးပြားရိုက်နှိပ်ရာတွင် အသုံးပြုသည့် မှိုငါးချောင်း၊ ပြောင်း အရှည် (၆.၅)လက်မခန့်ရှိ ကိုးလုံးကျည်ပစ် လုပ်သေနတ် အတို တစ်လက်၊ ပြောင်းအရှည် (၃၀)လက်မခန့် အရှည်ရှိ ပြုပြင်ထားသော လေသေနတ် ကိုယ်ထည် တစ်ခု၊ ပြောင်းအရှည် (၂၃)လက်မခန့်ရှိ စတီး ပြောင်းတပ်ထား သော ပြုလုပ်ဆဲ သေနတ်တစ်လက်၊ ကိုးလုံးကျည် သုံးတောင့်၊ (.၃၈) Special ကျည် လေးတောင့်၊ (.၄၅)ကျည် နှစ် တောင့်၊ ကျောက်စိမ်းဟု ယူဆရသည့် ကျောက်အရိုင်းတုံး (၁၀)တုံး၊ စုစုပေါင်း အလေးချိန်(၄၈.၈)ကီလိုခန့်၊ စိတ်ကြွ ဆေးပြား ထည့်ရာတွင် အသုံးပြုသည့် အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ် အလေးချိန်(၁၅)ကီလိုခန့်စီပါ သုံးထုပ် စုစုပေါင်း အလေးချိန် (၄၅)ကီလိုခန့် အား သိမ်းဆည်း ရမိကြောင်း သိရသည်။


အဆိုပါ မူးယစ်ဆေးဝါးများ၊ ကျောက်စိမ်းတုံးများ၊ လက်နက်များနှင့်အတူ ဖမ်းဆီး ရမိသည့် စိုင်းခမ်းကျောက် အား တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာချီလိတ်(ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တာချီလိတ်၌ ငွေကျပ်သိန်း(၄၃၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ တာချီလိတ်၌ ငွေကျပ်သိန်း(၄၃၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.