ကျိုင်းတုံ ဧပြီ ၁၁
ကျိုင်းတုံမြို့၏ အဓိကရ နောင်တုံကန်ပတ်လမ်း ရှိ အလှပင်များ ဓားဖြင့်ခုတ်၍ ဖျက်ဆီးသူကို ကျိုင်းတုံ မြို့မရဲစခန်းမှ ဧပြီလ ၁၁ရက်နေ့  နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်းသိရသည်။
နောင်တုံကန်ပတ်လမ်း AZURE စားသောက်ဆိုင်အနီး ရှိ စက္ကူပန်းပင်နှင့် ရေတမာပင်များ ကို ဖျက်ဆီး ထား ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိ၍ ဧပြီ(၉)ရက်နေ့ ညနေပိုင်းက နယ်ထိန်း တာဝန်ခံ ဒုတိယရဲအုပ် လွှမ်းမိုးနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဧပြီ(၈)ရက်နေ့ည သန်းခေါင်ယံအချိန်က လူတစ်ဦးက ဓားဖြင့်ခုတ်ထစ်ဖျက်ဆီးကြောင်း သိရှိရပြီး ပြစ်မှုကျူး လွန်သူကို ဖမ်းဆီးရမိ ရေး ဆက်လက်စုံစမ်းခဲ့သည်။
ဧပြီလ ၁၁ရက်နေ့  နံနက်(၉)နာရီတွင် မြို့နယ်စည်ပင်သာယာမှ အဆိုပါဖျက်ဆီးခံရမှုအတွက် တိုင်တန်းစာ ပေးပို့ ခဲ့ရာမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့သည် ရှေးဦးစုံစမ်းရရှိသည့် သတင်းများနှင့်ဆက်စပ်၍ ပြစ်မှုကျုးလွန်သူ အမှတ်(၅)ရပ်ကွက်၊နွဲ့နောရပ်နေ စိုင်းရီတစ်(၃၀နှစ်)ကို ၎င်းနေအိမ်တွင် ဖမ်းဆီးရမိသည်။
ဧပြီလ(၉)ရက်နေ့ နံနက်(၁)နာရီခန့်က နောင်တုံကန်ပတ်လမ်း၊ AZURE စားသောက်ဆိုင် အနီးရှိ (၈)မီတာ အရှည်ရှိ ဆက်သွယ်ရေးကွန်ကရစ်တိုင်ကို ဖျက်ဆီးပြီး ရေတမာပင်(၃)ပင်၊စက္ကူပန်းပင်(၁)ပင်တို့ကို ဓားဖြင့် ခုတ်ဖြတ်ခဲ့ ကြောင်း ထိုအချိန်ကအရက်မှုနေကြောင်း စိုင်းရီတစ်က မြို့မရဲစခန်းတွင် ထွက်ဆိုသည်။ ဖျက်ဆီး စဉ်ကိုင်ဆောင်ခဲ့သည့်ဓားကို သိမ်းဆည်း၍ စိုင်းရီတစ်ကို အမှုဖွင့်ထားကြောင်းသိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျိုင်းတုံမြို့ နောင်တုံကန်ပတ်လမ်းရှိ သစ်ပင်များ ဓားဖြင့်ခုတ်၍ ဖျက်ဆီးသူကို ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
19:34
Rating:
