မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း သစ်ပင်နှင့် ဓါတ်တိုင်များပြိုလဲ


ရန်ကုန်၊ ဧပြီ ၁၆

ရန်ကုန်မြို့တော်မဟာသင်္ကြန်အတက်နေ့ ၁၆.၄.၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မိုးရွာသွန်းပြီး လေတိုက်ခတ်ခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/မြောက်ရပ်ကွက်၊ အထက်
ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးထိပ်ရှိ လုံးပတ်(၃)ပေခန့်ရှိ မဟော်ဂနီပင်မှာ အမြစ်မှကျွတ်၍ လမ်းပေါ်သို့လဲကျခဲ့ရာ ဓါတ်ကြိုးပေါ်သို့ပိမိပြီး ဓါတ်တိုင်(၅)တိုင်ကျိုးကျခဲ့ပါသည်။


ဓါတ်တိုင်အောက်တွင်ရပ်ထားသော ဟွန်ဒါဖစ်ခဲရောင် အငှားယာဉ် တစ်စီးပေါ်သို့ ဓါတ်တိုင်ကျိုးကျခဲ့ရာ ကားအမိုးထိခိုက်ပျက်စီးခဲ့ပြီး လမ်းပေါ်တွင် သစ်ပင်များလဲကျပိတ်ဆို့သွားခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်အင်အား(၂၀)ဦးခန့်တို့မှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင်ထွန်းနှင့်အဖွဲ့၊ တောင်ပိုင်းခရိုင် စည်ပင်ပန်းဥယျာဉ်ခရိုင်မှူး ဦးအောင်ဇော်ဦးနှင့်အဖွဲ့၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူပူးပေါင်း၍ရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၀၄၅ အချိန်တွင် ရှင်းလင်းပြီးစီးခဲ့ကြောင်း သိရပါသည်။


အဆိုပါလေတိုက်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ လမ်းပိတ်ဆို့နေသော သစ်ပင်များအား အချိန်မီရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် အများပြည်သူ အဆင်ပြေချောမွေ့စွာသွားလာနိုင်ကြောင်းသတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း သစ်ပင်နှင့် ဓါတ်တိုင်များပြိုလဲ  မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် မိုးရွာသွန်းပြီး လေတိုက်ခတ်မှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း သစ်ပင်နှင့် ဓါတ်တိုင်များပြိုလဲ Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.