ကျောင်းကုန်းမြို့နယ် လက်​ပန်​​ချောင်​​ကျေးရွာအနီးတွင်​ ယာဉ်​တိုက်​မှုဖြစ်​ပွား


ပုသိမ် ဧပြီ ၁၈

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​ခရိုင်​၊ ​ကျောင်းကုန်းမြို့နယ်​၊ လက်​ပန်​​ချောင်​အုပ်​စု/​ကျေးရွာအနီး ဧပြီ ၁၉ရက်​​နေ့ နံနက်​​စော​စော(၀၅း၄၀)နာရီအချိန်​ခန့်​တွင်​ ယာဉ်​တိုက်​မှုဖြစ်​ပွားခဲ့သည်​။

အမှုမှာ ပုသိမ်​-မုံရွာကားလမ်း ၊ မိုင်​တိုင်​အမှတ်​ ၂၉/၂ နှင့်​၂၉/၃ကြား ၊လက်​ပန်​​ချောင်​​ကျေးရွာအနီးတွင်​ ဒါးကဘက်​မှ ကံက​လေးဘက်​သို့ ယာဉ်​​မောင်း ​ဇေယျာဖြိုး ၂၃ နှစ်​၊​ ဇီး​​ချောင်​ရွာ၊​ကျောင်းကုန်းမြို့နယ်​ ​နေသူ တစ်​ဦးတည်း​မောင်းနှင်​လာ​သော လယ်​ယာသုံး ​ထော်​လာဂျီယာဉ်​မှာ လမ်း​ဘေးသို့ချရပ်​ထားပြီး အ​ပေါ့သွား​နေစဉ်​ ပုသိမ်​ဘက်​မှ ကျုံ​ပျော်​ဘက်​သို့ ယာဉ်​​မောင်း လွင်​မိုးထွန်း ၂၂ နှစ်​၊ ကန်​ကြီး​ထောင့်​မြို့နယ်​​နေသူ​မောင်းနှင်​ပြီး၊ ​အောင်​နိုင်​ ၄၀ နှစ်​၊ဦး​ကောင်းညွန့်​ ၃၅ နှစ်​၊ကာလတ်​ ၂၁ နှစ်​ ကျုံ​ပျော်​မြို့နယ်​​နေသူတို့ လိုက်​ပါစီးနင်းလာသည့်​ MDY 4L/------ အဖြူ​ရောင်​ ​မော်​​တော်​ယာဉ်​မှ အရှိန်​မထိန်းနိုင်​ဘဲ ​နောက်​မှဝင်​​ရောက်​တိုက်​မိသဖြင့်​  ​လေးဦးစလုံး စိုးရိမ်​ရသည့်​ဒဏ်​ရာများ ရရှိသွားခဲ့သည်။


ယာဉ်​မဆင်​မခြင်​​မောင်းနှင်​ခြင်းဖြင့် လူကိုထိခိုက်​နာကျင်​​စေသူ အဖြူ​ရောင်​ ယာဉ်​​မောင်း လွင်​မိုးထွန်းအား လှည်းဆိပ်​ရဲကင်းစခန်းမှူး ရဲအုပ်​ညွန့်​​အောင်​မှ တရားလိုပြုလုပ်​၍ ​ကျောင်းကုန်းမြို့မရဲစခန်းတွင်​ ယာဉ်​(ပ)၂၇/၂၀၁၇၊ရာဇသတ်​ကြီးပုဒ်​မ ၃၃၈/၃၃၇/၂၇၉ တို့ဖြင့်​ အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

ဝင်းကြိုင်​(​ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောင်းကုန်းမြို့နယ် လက်​ပန်​​ချောင်​​ကျေးရွာအနီးတွင်​ ယာဉ်​တိုက်​မှုဖြစ်​ပွား ​ကျောင်းကုန်းမြို့နယ် လက်​ပန်​​ချောင်​​ကျေးရွာအနီးတွင်​ ယာဉ်​တိုက်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.