ရန်ကုန်- မန္တလေး အမြန်လမ်းတွင် မူးယစ် ဆေးဝါးများ ကာလ တန်ဖိုး (၈၉၄) သိန်းဘိုး ဖမ်းဆီးရမိ


နေပြည်တော် ဧပြီ ၇

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၄၇ /၄ အနီး ဇီးပင်သာ အမြန်လမ်း ရဲတပ်ဖွဲ့ စခန်းမှ ရဲအုပ်ရာဇာလင်းနှင့် အဖွဲ့၊ ဘားအံခရိုင် မှုခင်းနှိမ်နှင်းရေး ဌာနစုမှ ရဲအုပ် သက်နိုင်ဦးနှင့် အဖွဲ့နှင့် သံတောင် နယ်မြေ ရဲစခန်းမှူး ရဲအုပ် မြင့်ဦးနှင့် အဖွဲ့တို့သည် မူးယစ် ဆေးဝါး များ လာရောက် ရောင်းချမည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း အောင်မင်း(ခ) မောင်ငယ် မောင်းနှင် လာသော HONDAFIT ခဲရောင် မော်တော်ယာဉ် ၊ ရဲတပ်သား ဝေယံမင်းထွေး မောင်းနှင်ပြီး ရဲတပ်သား သန့်ဇင်မျိုး လိုက်ပါလာပြီး wave 110 နီညိုရောင် ဆိုင်ကယ်နှင့် ကျော်ကျော် မောင်းနှင်ပြီး ခွန်ကီးခေါင် လိုက်ပါလာသော နံပါတ်မပါ KENBO-X ဆိုင်ကယ်တို့အား ပိတ်ဆို့ ရှာဖွေ ဖမ်းဆီးရာ ပြန်လည် ခုခံ၍ မောင်းနှင် ထွက်ပြေးသဖြင့် လုံးထွေး ဖမ်းဆီးခဲ့ရာ ရဲတပ်သား ဝေယံမင်းထွေး ၀ဲမျက်ခုံးပေါက်ပြဲ ဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသော ရဲတပ်သား ဝေယံမင်းထွေးနှင့် ရဲတပ်သား သန့်ဇင်မျိုး ၊ ကျော်ကျော်လွင်နှင့် ခွန်ကီးခေါင်တို့ (၄)ဦးအား စစ်ဆေးခဲ့ကြရာ ယာဉ်မောင်း အောင်မင်း မောင်းနှင်လာသော HONDA –FIT ယာဉ်နောက်ခန်းမှ မူးယစ် ဆေးဝါးများ ဖမ်းဆီး ရမိသည်။

သိမ်းဆည်းရမိသော ပစ္စည်းများမှာ TALKES စာတန်းပါ ကျောပိုးအိတ် အတွင်းမှ Wy စိတ်ကြွ ဆေးပြား အညိုရောင် (၁၉၈)ပြား၊ အစိမ်းရောင် (၂)ပြား၊ ပေါင်း (၂၀၀) ပြားပါ အထုတ် (၅၀) (၂) စီးမှ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀၀၀) ပြား ကပ်ခွာအိတ်၏ အတွင်းမှ ဆေးပြား (၂၀၀) ပြားပါ (၄၉) ထုပ် တစ်စီးမှ စိတ်ကြွ ရူးသွပ်ဆေးပြား (၉၈၀၀) ပြား၊ လက်ကိုင်ဖုန်း (၆) လုံးတို့ ဖြစ်ကြောင်း သိရသည်။


ဖမ်းဆီးရမိသော အောင်မင်းပါ (၆) ဦးအား စစ်ဆေး မေးမြန်းချက် အရ ၄င်း မူးယစ် ဆေးပြားများအား လွန်ခဲ့သော (၁၅) ရက်က ရှမ်းပြည်နယ် တောင် ပိုင်း ပင်လောင်းမြို့နေ ဒေါ်အမိုးအား ကျော်ကျော် မှ ဆေးပြား (၁၀၀၀၀) ပါ တစ်ထုပ်လျှင် သိန်း (၂၀)ဖြင့် ဖုန်းဖြင့် ဆက်သွယ် မှာယူပြီး ပင်လောင်း မြို့မဈေး အနီး၌ ခွန်ကီးခေါင် နှင့် မဥမ္မာရွှေ တို့နှစ်ဦးမှ ဆိုင်ကယ်ဖြင့် သွားရောက် ယူဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြား (၂၉၈၀၀) ကာလတန်ဖိုး (၈၄၉) သိန်း တန်ဖိုးခန့်အား လက်ဝယ် ထားရှိ သုံးစွဲ ဖြန့်ဖြူး ရောင်းချ သူ ကျော်ကျော်၊ အောင်မင်း၊ (ခ) မောင်ငယ်၊ မဥမ္မာရွှေ ၊ခွန်ကီးခေါင် ၊ ရဲတပ်သား ဝေယံမင်းထွေးနှင့် သန့်ဇင်မျိုး တို့ (၆) ဦးအား ဇီးပင်သာ အမြန်လမ်း ရဲစခန်းမှ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲ စေနိုင်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က) /၂၀ အရ အမှုဖွင့် အရေးယူထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

သန်းဦး (လေးမျက်နှာ)

ဓာတ်ပုံ ( အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်- မန္တလေး အမြန်လမ်းတွင် မူးယစ် ဆေးဝါးများ ကာလ တန်ဖိုး (၈၉၄) သိန်းဘိုး ဖမ်းဆီးရမိ ရန်ကုန်- မန္တလေး အမြန်လမ်းတွင် မူးယစ် ဆေးဝါးများ ကာလ တန်ဖိုး (၈၉၄) သိန်းဘိုး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:41 Rating: 5
Powered by Blogger.