![]() |
စက်လှေမှောက်၍ အမျိုးသမီး ၃ ဦးသေဆုံး |
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု သုံးဆယ် ဆည်အတွင်းတွင် ဧပြီ ၆ ရက်နံနက်ပိုင်းက စက်လှေမှောက်၍ အမျိုးသမီး ၃ ဦးသေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်စိုး(ခ)မျိုးမင်းထိုက် ၃၆ နှစ် ဒေသအခေါ်အဝေါ် သုံးဆယ်ဆည်အတွင်း လှည်းလမ်းကူးကျေးရွာ နေသူမောင်းနှင်ပြီး ဇနီးဖြစ်သူမခိုင် (ခ)မခိုင်ခိုင်စိုး ၃၆ နှစ် ၏သမီးဖြစ်သူမနှင်းဝေဝေ ၆ နှစ် ဒေါ်ရှမ်းမ (ခ)ဒေါ်နန်းစုစုထွန်း ၅၃ နှစ် နှင့် မနန်းနွယ်(ခ)မနန်းအေးသန္တာထွန်း ၂၁ နှစ်လှည်းလမ်းကူးကျေးရွာအုပ်စုနေသူတို့အား KENBO အမျိုးအစား ၆ ကောင်ခွဲ အင်ဂျင်တတ်ဆင်ထားသည့်အရှည် ၁၄ တောင် ဗျက် ၃ ပေ ၉ လက်မရှိသောစက်လှေဖြင့်သုံးဆယ်ဆည်အတွင်းမှကျောက်အိုင်ကျေးရွာသို့တင်ဆောင်မောင်းနှင် လာစဉ်ကျောက်လုံးကြီး ဒေသအခေါ်အဝေါ် အရောက်တွင် ရေအောက်တွင်ရှိသောသစ်ငုပ်နှင့်တိုက်မိ၍ စက်လှေတိမ်းမှောက်သွားခဲ့ရာ မခိုင်(ခ)မခိုင်ခိုင်စိုး ဒေါ်ရှမ်းမ(ခ)ဒေါ်နန်းစုစုထွန်းနှင့်မနန်းနွယ်(ခ)မနန်းအေးသန္တာထွန်း တို့မှာရေနစ်သေဆုံးသွားခဲ့ကြောင်းသိရသည်။
စက်လှေအားပေါ့ဆစွာ မောင်းနှင်သူမောင်စိုး(ခ)မျိုးမင်းထိုက်အား သာယာဝတီမြို့မရဲစခန်းက (ပ)၄၀၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၀၄-က ဖြင့်အမူဖွင့် အရေးယူထားကြောင်း သိရသည်။
သန့်ဇော် (ခရိုင်ပြန်/ဆက်) သာယာဝတီ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သုံးဆယ် ဆည်အတွင်းတွင် စက်လှေမှောက်၍ အမျိုးသမီး ၃ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
21:14
Rating:
