နေအိမ်အတွင်းရှိနေသည့် အမျိုးသမီး အိမ်ထဲထိ ဝင်ရောက် သတ်ခံရမှုဖြစ်ပွား


ဧပြီ - ၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား စီကေကေဝန်းအတွင်းရှိ နေအိမ်တစ်ခုတွင် တစ်ဦးတည်းရှိနေသည့် အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်းထိ ဝင်ရောက်သတ်ခံရမှု ဧပြီလ ၈ ရက်နေ့ နေ့လည် ၁ နာရီခန့်က ဖြစ်ပွားခဲ့သည် ။


သက်ခံရသူသည့် အသက် ၆၀ နှစ်အရွယ်ရှိ ဒေါ်မြင့်ရင်သည် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာဖြင့် နေအိမ်အတွင်းသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပစ္စည်းများ ပျောက်ဆုံးခြင်း ရှိ ၊ မရှိ စစ်ဆေးလျှက်ရှိကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ က သိရသည် ။

ဒေါ်မြင့်ရင်၏ အလောင်းအား နေအမ်ဧည့်ခန်း မှ နောက်ဖေးသို့ ဆွဲခေါ်သွားသည့် သွေးစွပ်ကြောင်း အရာများ တွေရှိခဲ့ရသည် ။

Channel Mandalay TV
https://www.facebook.com/cm.tv555/
နေအိမ်အတွင်းရှိနေသည့် အမျိုးသမီး အိမ်ထဲထိ ဝင်ရောက် သတ်ခံရမှုဖြစ်ပွား နေအိမ်အတွင်းရှိနေသည့် အမျိုးသမီး အိမ်ထဲထိ ဝင်ရောက် သတ်ခံရမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.