မန္တလေးမြို့သင်္ကြန်မှာ မျက်နှာဖုံးစွပ်ပြီး မောင်းနှင်၊ သွားလာတာတွေနဲ့ အသံဆူညံအောင် ပြုလုပ်တာတွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရပါတယ်။ လုံခြုံရေးအတွက်ရော ယာဉ်မတော်တဆမှုတွေဖြစ်တဲ့အခါ လူမမှတ်မိဘဲ ထွက်ပြေးတာတွေ ရှိတဲ့အတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မှုခင်းဖြစ်စဉ်တွေမှာ မျက်နှာဖုံးနဲ့ ဖြစ်နေတဲ့အခါ မမှတ်မိတာတွေ ဖြစ်နိုင်တဲ့အတွက် ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒါတွေကိုလည်း ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုရဲမှူးကြီး ကံသိန်းက ပြောပါတယ်။ ဒါ့အပြင် အိတ်ဇောတပ် မောင်းနှင်ခြင်းတွေကို တားဆီးသွားမှာဖြစ်ပြီး အဲဒီအိတ်ဇောတွေကို ဖျက်စီးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မနှစ်က သင်္ကြန်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုပေါင်း (၄၅)မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ (၆၀)ကျော်နဲ့ သေဆုံးသူ (၁၅)ဦးရှိခဲ့ပါတယ်။ ပစ္စည်းဆုံးရှုံးမှုကတော့ (၁၅)သိန်းခွဲရှိတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ - ရဲရင့်မာန် (5 Plus News)
5 Plus News
https://www.facebook.com/5plusnews
မန္တလေးသင်္ကြန်မှာ မျက်နှာဖုံးစွပ်ပြီး မောင်းနှင်သွားလာခွင့်မပြု
Reviewed by THITHTOOLWIN
on
16:47
Rating:
