![]() |
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။Photo: RFA |
ယာဉ်မတော်တဆနဲ့ ထိခိုက်ဒဏ်ရာရလူနာတွေဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီးက လ/ထ ညွှန်ကြားရေးမှုး အရေးပေါ်ဌာနတာဝန်ခံ ဒေါက်တာခင်သိဂီင်္မြင့် က ပြောပါတယ်။
"အကြို၊ အကျ၊ အကြတ်နေ့တွေမှာ ထိခိုက်ဒဏ်ရာနဲ့ ရောက်လာတဲ့လူနာပေါင်း ၅၈၉ ယောက်ပါ၊ ကားအက်ဆီးဒင့်ရယ်၊ အချင်းချင်းရန်ဖြစ်လို့ ရောက်လာတဲ့လူနာတွေပေါ့၊ ကားပေက ပြုတ်ကျတာတို့၊ အလုပ်နဲ့ ပတ်သက်ပြီးဖြစ်တဲ့ လူနာတွေပေါ့"
သင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနမှာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေကိုယ်တိုင် ကုသပေးနေကြရာ စုစုပေါင်း ဝန်ထမ်းဦးရေ ၁၃ဝ နဲ့ ကုသပေးနေတယ်လို့လည်း ပြောပါတယ်။
ဒီနှစ် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရ လူနာဦးရေဟာ မနှစ်ကထက် ပိုများတယ်လို့လည်း ဆိုပါတယ်။
သင်္ကြန်ကာလအတွင်း ကချင်ပြည်နယ်မှာ ရေနစ်သေဆုံးသူ တစ်ဦးရှိခဲ့ပြီး ယာဉ်မတော်တဆမှုတချို့ ဖြစ်ပွားခဲ့တယ် လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောပါတယ်။
သင်္ကြန်အကြတ်နေ့ မနေ့က အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ဦး ဧရာဝတီမြစ်ဆုံမှာ ရေဆင်းကူးရာ ကနေ ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
သင်္ကြန် ၃ ရက်အတွင်း အရေးပေါ် လူနာ ၅၈၉ ဦး ရောက်ရှိလာ
Reviewed by THITHTOOLWIN
on
17:35
Rating:
