ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်က ဇရပ်ကြီးနယ်မြေက ရဲအရာရှိ ၂ ဦးကို ဖမ်းဆီး လိုက်တယ်လို့သိရပါတယ်။ ဧပြီလ(၈)ရက် မနက်ပိုင်းက တောင်ငူခရိုင်ရဲမှူးနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ဇရပ်ကြီးနယ်မြေရဲစခန်းကို ရောက်ရှိစစ်ဆေးခဲ့ရာ ရဲစခန်းဝင်းအတွင်းမှာ ရပ်ထားတဲ့ လိုင်စင်မဲ့ကားHONDA STREAMကားနဲ့ GRADE FOUR MARK-II ကားနှစ်စီးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီကားနှစ်စီးအနက် HONDA STREAMကာကို ရဲအုပ်နိုင်စိုးဦး ကငွေကျပ်(၁၈)သိန်းနဲ့ ၀ယ်ယူထားတာဖြစ်ပြီးတော့ GRADE FOUR MARK –llကားကို ဒုရဲအုပ် စိုးမြင့်ဦးက ငွေကျပ်(၁၂)သိန်းနဲ့ ၀ယ်ယူထားတာဖြစ်တယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားမဝင်လိုင်စင်မဲ့ကားများလက်ဝယ်ထားရှိစီးနင်းသူရဲအုပ်နိုင်စိုးဦးနှင့်ဒုရဲအုပ်စိုးမြင့်ဦးတို့ကိုဇရပ်ကြီးနယ်မြေရဲစခန်း က အမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါတယ်။
သတင်းထောက်-ဖြိုးကိုလင်း(ညောင်ဝိုင်း)(5Plus News)
https://www.facebook.com/5plusnews/
ဇရပ်ကြီးနယ်မြေက ရဲအရာရှိ ၂ ဦးအဖမ်းခံရ
Reviewed by THITHTOOLWIN
on
17:33
Rating:
