မဟာသင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းတွင် မိုးရွာသွန်းပြီး လေတိုက်ခတ် မှုကြောင့် တာမွေမြို့နယ်အတွင်း သစ်ကိုင်းကျိုးကျ၍ ဓာတ်တိုင်များပြိုလဲ
ရန်ကုန်၊ ဧပြီ ၁၆
၁၆.၄.၂၀၁၇ ရက်နေ့ ၁၃၀၀ အချိန်တွင် မိုးရွာသွန်းပြီး လေတိုက်ခဲ့သဖြင့် တာမွေမြို့နယ်၊ ဦးထွန်းမြတ်လမ်းအတွင်းရှိ ပိတောက်ပင်မှ လုံးပတ်(၃)ပေခန့်ရှိ ပိတောက်ကိုင်းသည် အနီးရှိဓာတ်ကြိုးပေါ်သို့ ကျိုးကျခဲ့ရာ ၎င်းဓာတ်ကြိုး အားသွယ်တန်းထားသည့် ဓာတ်တိုင်များမှာပြိုလဲတိမ်းစောင်းသွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါနေရာသို့ စည်ပင်သာယာပန်းဥယျာဉ်ဌာနမှ ခရိုင်မှူးနှင့်အဖွဲ့၊ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၄၃၀ အချိန်ခန့်တွင် ရှင်းလင်းပြီးစီးခဲ့ပြီး ဓာတ်တိုင်များအသစ်လဲလှယ် တပ်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ သစ်ကိုင်းကျိုးကျပြီး ဓာတ်တိုင်များပြိုလဲမှုကြောင့် လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်းမရှိဘဲ လမ်းပိတ်ဆို့နေသော သစ်ပင်များအား အချိန်မီရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
မဟာသင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းတွင် မိုးရွာသွန်းပြီး လေတိုက်ခတ် မှုကြောင့် တာမွေမြို့နယ်အတွင်း သစ်ကိုင်းကျိုးကျ၍ ဓာတ်တိုင်များပြိုလဲ
Reviewed by THITHTOOLWIN
on
17:59
Rating:
