ရခိုင်တွင် သင်္ကြန်ကာလအတွင်း ၃၁ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံး

ဓာတ်ပုံ ...၊ RPL ၊ သင်္ကြန်ကာလ ကားပတ်ရေကစားထွက်နေသော လူငယ်များအား တွေ့ရစဉ်
ဧပြီ ၁၇

ရခိုင်ပြည်နယ်အတွင်း အတာသင်္ကြန်ကာလတွင် မူခင်း ၁၂ မှုဖြစ်ပွားခဲ့ပြီး လူ ၃၁ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးသွားခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၄မှု ဖြစ်ပွားခဲ့ရာ ကျောက်ဖြူမြို့တွင် တစ်မှု၊ ရမ်းဗြဲမြို့တွင် တစ်မှု၊ နှင့် ကျောက်တော်တွင် နှစ်မှုတို့ ဖြစ်ပြီး၊ တစ်ခြားအမှု ၈ မှုမှာ မြေပုံ၊ သံတွဲ၊ မြောက်ဦး နှင့် ဘူးသီတောင်မြိ့တို့တွင် ဖြစ်ပြီး (၃၁) ဦး ဒဏ်ရာ ရရှိကာ ၁ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ၊မူခင်းဌာနမှ ရဲမှူး ( ဦးစီး ) ရဲမှူးအောင်ဘာလေက ပြောသည်။

“ မနှစ်ကသင်္ကြန်နဲ့ စာရင် တော့ ဒီနှစ်က ပိုယဉ်ကျေးလာတယ်ပြောရမှာပေါ့။ ပြောရဆိုရ ထိန်းရ တာလည်း အဆင်ပြေတယ် ” ဟု ရဲမှူးအောင်ဘာလေက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သော သင်္ကြန်ကာလတွင် အမှုပေါင်း (၉) မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးကာ ၅၃ ဒဏ်ရာရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သက်နိုင်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
ရခိုင်တွင် သင်္ကြန်ကာလအတွင်း ၃၁ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံး ရခိုင်တွင် သင်္ကြန်ကာလအတွင်း ၃၁ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံး Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.