မအူခုံကျေးရွာတွင် တောဆင်ရိုင်းများ ဝင်ရောက်မှုကြောင့် လူနေအိမ်တစ်လုံးပြိုကျ


မြောက်ပိုင်းခရိုင်တိုက်ကြီးမြို့နယ်ဥက္ကံမြို့အရှေဘက်ချောင်းစောက်ကျေးရွာအုပ်စု မအူခုံကျေးရွာမှာ ဧပြီ (၂၈)ရက် ည(၁၁)နာရီ က တောဆင်ရိုင်းများ ဝင်ရောက်မှုကြောင့်လူနေအိမ်တစ်လုံးဖျက်ဆီးခံရတယ်လို့ ဒေသခံ တွေရဲ့ပြောပြချက်အရ သိရပါတယ်။

 တောဆင်ရိုင်းတွေက ညနေ(၆)နာရီ လောက်ဆို စိတ် မချရတော့ဘူး၊သူတို့ ဖြတ်လမ်းတွေက နေ့စဉ်ဖြတ်နေပြီး ရွာတွေထဲအထိလာကြတယ်လို့ ရပ်မိရပ်ဖ တစ်ဦးက ရှင်းပြပါတယ်။

 ကျွန်တော့်အိမ်ကို လာဖျက်တာ တော့မဟုတ်ဘူး ဆင်တွေက အစာ ဝင်ရှာတာနေမယ် ဆန်အိုးက အိမ်ခန်းထဲမှာဆိုတော့ သူတို့ကိုယ်လုံးနဲ့ ဝင်တိုးရင် ပြို ကျသွားတာပါ လို့ တောဆင်ရိုင်း အဖျက်ခံရလို့ နေအိမ်ပြိုကျတဲ့ ဦးဇော်ဝင်းထွန်က ပြောပါတယ်။

 တောဆင်ရိုင်းတွေဟာ အုပ်စုဖွဲ့ အစာရှာထွက်နေကြတာ နေ့စဉ်လိုလိုရှိပြီး ဥက္ကံမြို့ အရှေ့ဘက် ပဲခူးရိုးမ တောင်ခြေတွေရှိ ချောင်းစောက်ကျေးရွာအုပ်စု၊ လဟာမငယ် ကျေးရွာအုပ်စုနဲ့ ကွမ်းသီးမြောင်ကျေးရွာအုပ်စုကကျေးရွာပေါင်း (၃၀)ကျော်ရှိ ဒေသခံပြည်သူတွေက ညဘက်တွေမှာ တောဆင်ရိုင်းအန္တရာယ်တွေအတွက် ကင်းစောင့်မှုတွေရှိနေတယ်လို့သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး) ကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb/
မအူခုံကျေးရွာတွင် တောဆင်ရိုင်းများ ဝင်ရောက်မှုကြောင့် လူနေအိမ်တစ်လုံးပြိုကျ  မအူခုံကျေးရွာတွင် တောဆင်ရိုင်းများ ဝင်ရောက်မှုကြောင့် လူနေအိမ်တစ်လုံးပြိုကျ Reviewed by THITHTOOLWIN on 10:26 Rating: 5
Powered by Blogger.