ဖုံလုံးများအကြားမောင်းနှင်လာသော ယာဉ်(၂)စီး မျက်နှာချင်းဆိုင် တိုက်မိ၍ ဒဏ်ရာအပြင်းအထန် ရရှိ


ဘားအံ ဧပြီ ၎

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျားကလေး-ဇာသပြင်-မော်လမြိုင်မြေနီလမ်းတွင် ယာဉ်(၂)စီး မျက်နှာချင်းဆိုင်အရပ်များမှ မောင်းနှင်လာစဉ် မြေသားလမ်းဖြစ်သည့်အတွက် ဖုန်များထပြီး
ယာဉ်တစ်စီးနှင့်တစ်စီး မမြင်ကြရသဖြင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်။

ဖြစ်စဉ်မှာ ၄-၄-၂၀၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ကျားကလေး-ဇာသပြင်-မော်လမြိုင် မြေနီလမ်း ဘားအံမြို့နယ် ရွာကြီးကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဂျိုင်းနယ်မြေရဲစခန်းမှူး ရဲအုပ်မြင့်နိုင်ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ
မြ၀တီဘက်မှ ယာဉ်မောင်း အေးလွင်၊ ၅၆နှစ်၊ (ဘ)ဦးပိန်မောင်းနှင်ပြီး ယာဉ်ပေါ်တွင် မိသားစုများ လိုက်ပါလာသော ယာဉ်အမှတ် ဒေသ သုံးနံပါတ် 9KB /XXXX နံပါတ်တပ်၊ ဟွန်ဒါဖစ်အမျိုးအစား၊ အဖြူရောင်ယာဉ်နှင့် မော်လမြိုင်ဘက်မှ ယာဉ်မောင်း ဦးမျိုးသက်၊ ၄၂နှစ်၊(ဘ)ဦးကျော်ရွှေ့၊ အောင်မင်္ဂလာ (၂)ရပ်ကွက်၊မော်လမြိုင်မြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် စိုးမင်းဦး၊၁၈နှစ်၊ (ဘ)ဦးဇော်ငြိမ်း၊ချောင်းစောက်ရပ်ကွက်၊မော်လမြိုင်မြို့နေသူတို့ လိုက်ပါလာသော ယာဉ်အမှတ် 4E/XXXXနံပါတ်တပ်၊ HENO အမျိုးအစား၊ ဖြူ/နီအကြားရောင်ယာဉ်တို့ ဖုန်းလုံးများအကြား တစ်စီးနှင့်တစ်စီးမြင်တွေ့ရခြင်းမရှိသဖြင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ယာဉ်တိုက်မှုကြောင့် ဦးအေးလွင်တွင် ယာဒူးခေါင်းပေါက်ပြဲ၊ယာပေါင်ကျိုးဒဏ်ရာ၊ယာဉ်ပေါ် လိုက်ပါလာသူများဖြစ်သော ဒေါ်ခင်ထွေး၊ ၅၂နှစ်၊(ဘ)ဦးတင့်ဆွေအမှတ်(၄)အောင်မြေဘုံရပ်ကွက်၊မြ၀တီမြို့နေသူတွင်နှုတ်ခမ်းပေါက်ပြဲ၊ယာလက်ခုံပေါက်ပြဲ၊ မမင်းမင်းစု ၃၄နှစ်တွင် (ဘ)ဦးအေးလွင်(လိပ်စာတူ)တွင် ၀ဲနဖူးပေါက်ပြဲဒဏ်ရာ၊ ကိုဆွေတိုး၊ ၂၄နှစ်၊(ဘ)ဦးအေးမြင့်၊ကျွဲခြံကုန်းကျေးရွာ၊ အပေါင်မြို့နယ်နေသူတွင် ယာမျက်ခုံးပွန်းပဲ့ဒဏ်ရာ၊ မပို၊၃၂နှစ်(ဘ)ဦးဟန်တင် ကျွဲခြံကုန်းကျေးရွာ၊ အပေါင်မြို့နယ်နေသူတွင်ဝဲနဖူးကွဲဒဏ်ရာ၊ ထိန်လင်းဦး၊ ၁၃နှစ်(ဘ)ဦးဇော်လင်း(ဘ)ဦးဇော်လင်း၊ အမှတ်(၄)အောင်မြေဘုံရပ်ကွက်၊မြ၀တီမြို့နေသူတွင်ဝဲ/ယာနှုတ်ခမ်းပွန်း
ဒဏ်ရာ၊ ကောင်းခန့်လင်း၁၁နှစ်(ဘ)ဦးတိုးမင်းလတ်၊ အမှတ်(၄)အောင်မြေဘုံရပ်ကွက်၊မြ၀တီမြို့နေသူတွင် ၀ဲနဖူးရောင်၊ယာပေါင်နာကျင်ဒဏ်ရာ၊ မဆောင်းယွန်းသဇင်၊၆နှစ်၊(ဘ) အမှတ်(၄)အောင်မြေဘုံရပ်ကွက်၊မြ၀တီမြို့နေသူတွင် နှုတ်ခမ်းဖူးရောင်ဝဲနဖူးဖူးရောင်ဒဏ်ရာတို့ အသီးသီးရရှိခဲ့သဖြင့် ကျုံဒိုးဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ် ပွားစေခဲ့သော ယာဉ်မောင်း ဦးအေးလွင်နှင့်ဦးမျိုးသက်တို့နှစ်ဦးအား ရဲအုပ် မြင်နိုင်မှ တရားလိုပြုလုပ်ကာ ဂျိုင်းနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃ရ/၃၃၈ဖြင့် အမှုရေးဖွင်ပြီး ဒုရဲအုပ်စိုးနိုင်ထွန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဖုံလုံးများအကြားမောင်းနှင်လာသော ယာဉ်(၂)စီး မျက်နှာချင်းဆိုင် တိုက်မိ၍ ဒဏ်ရာအပြင်းအထန် ရရှိ ဖုံလုံးများအကြားမောင်းနှင်လာသော ယာဉ်(၂)စီး မျက်နှာချင်းဆိုင် တိုက်မိ၍ ဒဏ်ရာအပြင်းအထန် ရရှိ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.