အမွေကိစ္စ မကျေနပ်၍ နေအိမ်မီးရှို့မှု ဖြစ်ပွား


မြစ်ကြီးနား ဧပြီ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် နယ်မြေ(၄)တွင် နေထိုင်သော ဒေါ်ခင်မမပိုင် (၉၀×၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ အင်္ဂတေခင်း(၁)ထပ်တွင် နေထိုင်သူ မောင်မြတ်ထန်(ခ) အငယ်လေးသည် အမွေကိစ္စ မကျေနပ်၍ နေအိမ်မီးရှို့ရာမှ ဧပြီလ ၁၀ ရက်နေ့ နံနက်(၂)နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။


အဆိုပါ မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေယာဉ် (၂)စီး၊ အရန်မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စည်ပင်ရေသယ်ယာဉ်(၂)စီး စုစုပေါင်း (၁၂)စီးဖြင့် မီးငြှိမ်းသတ် နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် (၉၀×၄၀)ပေ သွပ်မိုး၊ ပျဉ်ကာ(၁)ထပ်နေအိမ်(၁)လုံး၊ (၄၀×၄၀)ပေ၊ သွပ်မိုး၊ အုတ်ကာ(၂)ထပ်၊ ဂိုဒေါင်(၁)လုံး၊ အပေါ်ထပ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရာ မီးရှို့သူ မောင်မြတ်တန်(ခ) အငယ်လေးအား မြို့မရဲစခန်းမှ (ပ)ရန/၂၀၁၇၊ ၄၃၀ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ခရိုင် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမွေကိစ္စ မကျေနပ်၍ နေအိမ်မီးရှို့မှု ဖြစ်ပွား အမွေကိစ္စ မကျေနပ်၍ နေအိမ်မီးရှို့မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.