တိုက်ကြီးမြို့တွင် မိန်းကလေးငယ်နှစ်ဦး ရေနစ်သေဆုံး


ဧရာဝတီတိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှာ ဧပြီ(၂၆)ရက် နေ့လယ်(၁)နာရီအချိန်ခန့်က မိန်းကလေးငယ်နှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ တိုက်ကြီးမြို့နယ် အရှေဘက် (၇) မိုင်ခန့်အကွာ မင်္ဂလာရပ်ကွက် ရေစက်တောင် ကျေးရွာက အများသုံးရေကန်ကို အဝတ်သွားလျှော်ရာကနေ ရေနစ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ တိုက်ကြီးမြို့မရဲစခန်းကနေ သိရပါတယ်။


ရေနစ်သေဆုံးတဲ့ မိန်းကလေးငယ်နှစ်ယောက်မှာ ရေစက်တောင်ကျေးရွာနေ ဦးမြင့်ကြိုင်ရဲ့ သမီးတွေ ဖြစ်တယ်လို့သိရပါတယ်။အဲဒီအများသုံးရေကန်မှာ (၁၀)ပေ ပတ်လည် အနက်(၈)ပေခန့်ရှိပြီး အကာအရံ မရှိဘဲ မြေကြီးကိုတူးထားတဲ့ ရေကန်ဖြစ်ပါတယ်။ ကလေးနှစ်ယောက် အဝတ်သွားလျှော်မယ်ဆိုပြီး ထွက် သွားခဲ့တာပါ။ အချိန်ကြာလာလို့ လိုက်ကြည့်ရာမှာမတွေ့ရဘဲ ရေကန်ဘေးမှာ ဖိနပ်နှစ်ရန်နဲ့ အဝတ်တွေကို သာတွေ့ရပါတယ်။အဲဒါကြောင့် ကျေးရွာသားတွေကိုခေါ်ပြီး ရေကန်အတွင်း ဆင်းရှာရာမှာ မိန်းကလေးငယ်နှစ်ယောက်ကို ဖက်လျက် သေဆုံးနေတာတွေ့ခဲ့ရတာဖြစ်တယ်လို့ မင်္ဂလာရပ်ကွက် ရာအိမ်မှူးဦးမျိုးနိုင်က ပြောကြားခဲ့ပါတယ်။

အဲဒီမိန်းကလေးငယ်နှစ်ယောက်ရေနစ်သေဆုံးမှုနဲ့ပတ်သက်ပြီး တိုက်ကြီးမြို့မရဲစခန်းက သေမှု သေခင်း အမှတ်စဉ် ၁၁/၂၀၁၇နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး)ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
တိုက်ကြီးမြို့တွင် မိန်းကလေးငယ်နှစ်ဦး ရေနစ်သေဆုံး တိုက်ကြီးမြို့တွင် မိန်းကလေးငယ်နှစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.