ဗြိတိန် ကြားဖြတ် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် အောက်လွှတ်တော်တွင် မဲခွဲရာ ဝန်ကြီးချုပ် မေ အနိုင်ရ


လန်ဒန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ဗြိတိန် အောက်လွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များက ဝန်ကြီးချုပ် ထရီစာမေ၏ ဇွန်လ ၈ ရက် တွင် ကြားဖြတ် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မည်ဟူသော ဝန်ကြီးချုပ် ထရီစာမေ၏ တိုက်တွန်းချက်ကို ထောက်ခံခဲ့ကြောင်း သိရသည်။

လက်ရှိ ဥပဒေအရ အခြား ရွေးကောက်ပွဲ တစ်ခု မပြုလုပ်မီအချိန်အထိ လွှတ်တော် သက်တမ်းက ငါးနှစ် ဖြစ်သည်။ သို့သော်လည်း လွှတ်တော် အမတ် သုံးပုံ နှစ်ပုံက သဘောတူပါက လွှတ်တော် သက်တမ်းကို ပြောင်းလဲနိုင်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံတွင် ရွေးကောက်ပွဲကို လွန်ခဲ့သည့် နှစ်နှစ်က နောက်ဆုံး ကျင်းပခဲ့ခြင်း ဖြစ်သည်။

လေဘာပါတီနှင့် လစ်ဘရယ် ဒီမိုကရက်မှ အဓိက ထောက်ခံမဲများ ရရှိခဲ့ပြီး လိုအပ်သည့် အနည်းဆုံး အမတ် ၄၃၄ ဦး၏ မဲများ ရရှိကာ မေ က အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ရွေးကောက်ပွဲသည် အီးယူ ဗြိတိန် ထွက်ခွာမည့် အချိန် လုပ်ငန်းစဉ်အပေါ် သက်ရောက်မှု ရှိမည် မဟုတ်ဟု ဝန်ကြီးချုပ်ရုံးက ပြောခဲ့သည်။

China Xinhua News
ဗြိတိန် ကြားဖြတ် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် အောက်လွှတ်တော်တွင် မဲခွဲရာ ဝန်ကြီးချုပ် မေ အနိုင်ရ ဗြိတိန် ကြားဖြတ် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ရန် အောက်လွှတ်တော်တွင် မဲခွဲရာ ဝန်ကြီးချုပ် မေ အနိုင်ရ Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.