ဆယ်ဘီးကုန်တင်ယာဉ်တစ်စီး အရှိန်လွန်၍ ကိုယ်ပိုင်ယာဉ်ငယ်တစ်စီး၊ ဆိုင်ကယ်ခြောက်စီး၊ ဈေးဆိုင်ခန်း ရှစ်ခန်းနှင့် အမျိုးသား၊ အမျိုးသမီးလေးဦးကို ဝင်ရောက်တိုက်မိ


ရေတာရှည် ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် သာဂရမြို့စည်ပင်သာယာဈေး ရှေ့တွင် ဧပြီ ၁ဝ ရက် ညနေ ၄ နာရီ ခွဲခန့်က ဆယ်ဘီးကုန်တင်ယာဉ်တစ်စီး သည် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ လာသည့် ယာဉ်အားရှောင်တိမ်းရာမှ အရှိန်လွန်ပြီး လမ်းဘေးရှိ ကိုယ်ပိုင် မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်များ၊ စက်ဘီးနှင့် ဈေးရောင်းသူများကို တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း မြောက်မှတောင်သို့ အေးမင်းဖြိုး(၂၅)နှစ် ကမ်းနားရပ် ကျည်တောင်ကန်ရပ်ကွက် ပျဉ်းမနား မြို့နေသူမောင်းနှင်လာသော နီဆန်း ဆယ်ဘီးကုန်တင်ယာဉ်သည် မိုင်တိုင် (၂ဝ၅/၂)နှင့် (၃)အကြား သာဂရမြို့ ဆင်စုရပ်ကွက် စည်ပင်သာယာဈေး ရှေ့အရောက်တွင် ရှေ့မျက်နှာချင်းဆိုင် ဘက်မှလာသည့် ယာဉ်တစ်စီးအား ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းယာဘက်သို့ဆွဲချသွားခဲ့ပြီး ကောင်းမြတ်လက်ဖက်ရည်ဆိုင်ရှေ့၌ ထိုင်နေသော ကိုအောင်ကျော်မိုး(၃၉)နှစ် ဒေဝသာစည်ကျေးရွာ၊ မထွေးရီ (၃ဝ)နှစ် ဇဝင်းကျေးရွာ ဆန်တော်ပို့ အုပ်စုနေသူတို့နှစ်ဦးအပြင် ပျံကျဈေး ဆိုင်ခန်းအတွင်း သစ်သီးစုံရောင်းချ နေသည့် မမေသူဇာဝင်း(၂၁)နှစ် ထောက်ကြန့်ကွင်းရွာ ဆွာမြို့၊ မနေခြည်ဦး(၁၄)နှစ် သရက်ကုန်း ရပ်ကွက် သာဂရမြို့နေသူတို့အား ဝင်ရောက်တိုက်မိခဲ့ပြီး ကားလမ်းဘေး တွင် ရပ်တန့်ထားသည် HONDA Fit တစ်စီး၊ ဆိုင်ကယ်ခြောက်စီး၊ စက်ဘီးတစ်စီး၊ ပျံကျဈေးဆိုင်ခန်း လေးခန်း၊ ဈေးဆိုင်ခန်း လေးခန်းတို့ကို ဆက်လက်တိုက်မိခဲ့သည်။

 ယာဉ်တိုက် မှုကြောင့် ဖူးရောင်ပွန်းပဲ့(မစိုးရိမ်ရ) ဒဏ်ရာများရရှိသူများအား ဆွာတိုက် နယ်ဆေးရုံသို့တင်ပို့ပေးခဲ့ပြီး အမှု ဖြစ်စဉ်အား သာဂရနယ်မြေရဲစခန်း တွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆယ်ဘီးကုန်တင်ယာဉ်တစ်စီး အရှိန်လွန်၍ ကိုယ်ပိုင်ယာဉ်ငယ်တစ်စီး၊ ဆိုင်ကယ်ခြောက်စီး၊ ဈေးဆိုင်ခန်း ရှစ်ခန်းနှင့် အမျိုးသား၊ အမျိုးသမီးလေးဦးကို ဝင်ရောက်တိုက်မိ ဆယ်ဘီးကုန်တင်ယာဉ်တစ်စီး အရှိန်လွန်၍ ကိုယ်ပိုင်ယာဉ်ငယ်တစ်စီး၊ ဆိုင်ကယ်ခြောက်စီး၊ ဈေးဆိုင်ခန်း ရှစ်ခန်းနှင့် အမျိုးသား၊ အမျိုးသမီးလေးဦးကို ဝင်ရောက်တိုက်မိ Reviewed by THITHTOOLWIN on 15:38 Rating: 5
Powered by Blogger.