Waiting for Green Light !
ဆိုင်ကလုန်း မာရသာ နောက်ဆုံးအခြေအနေ
မုန်တိုင်းဟာ သံတွဲနားမှာ ဝေ့ဝဲနေပြီး သိတ်မရွေ့လျားသေးပါ။ လေတိုက်နှုန်းကတော့ ကျသွားပါပြီ။
သံတွဲမှာ တစ်နာရီ ၂၅ - ၃၀ မိုင်လောက်သာ ရှိပါတော့တယ်။
ကျောက်ဖြူဘက်မှာတော့ မိုင် ၂၀ နှုန်း လောက်ရှိကြောင်း သိရပါတယ်။
Tropical Storm ဖြစ်တဲ့အတွက် မုန်တိုင်းတွေက ညဘက်အေးရင်သိပ်ပြီး မရွေ့လျားဘူး လို့ သိရပါတယ်။
Wind circulation က ကျန်နေသေးတဲ့ အတွက် Green Light ပေးဖို့ Save ဖြစ်ဖို့ စိတ်မချရသေးပါ။ စောင့်ကြည့်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ပျက်စီး ဆုံးရှုံးမှု ကြီးကြီးမားမား မကြားရသေးပါဘူး။
မကွေး၊ မင်းဘူးမှာတော့ လေစတိုက်နေပြီ ဆိုတာ သိရပါတယ်။
သံတွဲနား ဝဲနေတဲ့ wind အကုန်ဝင်သွားရင်တော့ Green Light ပေးလို့ရပြီ လို့ သိရပါတယ်။ သတိ ဆက်ရှိဖို့ လိုနေပါသေးတယ်။
တပ်မတော် ရေတပ်က အဖွဲ့တွေနဲ့ အဆက်အသွယ်ရတော့ မိုင်(၃၀) လောက်တိုက်နေသေးတယ်ပြောကြောင်း သိရပါတယ်။ လေတိုက်နှုန်းကတော့ နည်းနည်းကျသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
အားလုံး ဘေးရန် ကင်းကြပါစေ။
Ref - မိုးဇလ
State Counsellor Office Information Committee
ဆိုင်ကလုန်း မာရသာ သံတွဲနားမှာ ဝေ့ဝဲနေပြီး သိတ်မရွေ့လျားသေးပါ
Reviewed by THITHTOOLWIN
on
00:32
Rating:
