စံပယ်တောင် ကြေးစင်တောင်စီမံကိန်း လယ်ယာမြေကိစ္စ ဆန္ဒထုတ်ဖော်ရန် မုံရွာလာသူများကို အစိုးရအဖွဲ့ညှိနှိုင်း


မုံရွာ ဧပြီ ၂၆

စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းမှ ဒေသခံ ၃၀၀နီးပါးသည် သိမ်းဆည်းခံ လယ်ယာမြေကိစ္စ နှင့်ပတ်သက်ပြီး တိုင်းအစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရေး မုံရွာမြို့၊ အိုးဘိုတောင် ရပ်ကွက် ဘောလုံးကွင်းမှ တိုင်းအစိုးရရုံးအထိ ယနေ့ (ဧပြီ၂၆ရက်) နံနက်ပိုင်းတွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသည်။


သို့သော် တိုင်းအစိုးရရုံးမရောက်မီ ဗိုလ်ချုပ်လမ်း ၊ သမီးလေး ဟိုတယ်ရှေ့အရောက်တွင် စည်ပင်ဝန်ကြီး၊ လယ်/ဆည်ဝန်ကြီး နှစ်ဦး အပါအ၀င် တိုင်းအစိုးရရုံး တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦ်းက လာရောက်ညှိနှိုင်း ခဲ့သည်ဟု ယင်းနေရာသို့ရောက်ရှိနေသည့်မုံရွာဂေဇက် သတင်းထောက်က သတင်းပေးပို့သည်။

ယင်းနောက် တောင်းဆိုချက်များကို ဖြေရှိပေးမည်ဟု ကနဦး သဘောတူညီချက်ရယူအပြီး ဆန္ဒပြပွဲကို ရုတ်သိမ်းသွားသည်။

အိအိမွန်
Monywa Gazette
https://www.facebook.com/monywagazette/
စံပယ်တောင် ကြေးစင်တောင်စီမံကိန်း လယ်ယာမြေကိစ္စ ဆန္ဒထုတ်ဖော်ရန် မုံရွာလာသူများကို အစိုးရအဖွဲ့ညှိနှိုင်း စံပယ်တောင် ကြေးစင်တောင်စီမံကိန်း လယ်ယာမြေကိစ္စ ဆန္ဒထုတ်ဖော်ရန် မုံရွာလာသူများကို အစိုးရအဖွဲ့ညှိနှိုင်း Reviewed by THITHTOOLWIN on 11:00 Rating: 5
Powered by Blogger.