နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးရွာကြီးတွင် လူနေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား


၂၀၁၇ ခုနှစ်၊ဧပြီ၊၁၂ ရက်

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးရွာကြီးတွင် လူနေအိမ်တစ်အိမ် လျှပ်စစ်မီးရှော့ဖြစ်ကာ ဂက်စ်အိုးပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၂ ရက်၊ ယနေ့ည ၈း၁၅ နာရီခန့်တွင် စိုင်းဆမ်ပီးနေအိမ်၌လူမရှိစဉ်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း ရွာခံတစ်ဦးကပြောသည်။

စိုင်းဆမ်ပီးသည် မိုင်းဝီးရွာတွင်မရှိဘဲ နမ့်ခမ်းမြို့ထဲရောက်ရှိနေပြီး ၎င်း၏ဇနီးသည်သည်လည်း ရွာတွင်း ရှင်ပြုပွဲကြောင့် ရွာခံအိမ်ထောင်ရှင်များနှင့်အတူ မီးရှူးခံ ထွက်နေသည့်အချိန်ဖြစ်ကြောင်းသိရသည်။


စိုင်းဆမ်ပီးနေအိမ်သည် ရွာတွင်းရှိပြည်သူ့စစ်စခန်း၏ အနောက်ဖက်တွင်တည်ရှိပြီး လျှပ်စစ်မီးရှော့ဖြစ်ကာ မီးဖိုချက်ပြုတ်ဂက်စ်အိုးပေါက်ကွဲခြင်းနှင့် မီးဟုန်းဟုန်းတောက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်၏အနောက်ဖက်တွင်လည်း မီးသွေးအိတ်အများအပြား သိုလှောင်ထားခြင်းကြောင့် တစ်အိမ်လုံးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ၎င်းရွာခံကပင်ပြောပြခဲ့သည်။

Nam Kham News
https://www.facebook.com/NamKhamNews
နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးရွာကြီးတွင် လူနေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးရွာကြီးတွင် လူနေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:39 Rating: 5
Powered by Blogger.