ညောင်လေးပင်မြို့အထွက်၌ ခြောက်ဘီးယာဉ်တစ်စီး ဂျွိုင်းပြုတ်၍ လမ်းဘေးထိုးကျ တိမ်းမှောက်


ညောင်လေးပင် ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ မန္တလေးဘက်သို့အထွက် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၁ဝ၁/၃)လေပျဉ်ဆိတ်ကွေ့၌ ယနေ့နံနက် ၉ နာရီခွဲက ခြောက်ဘီးယာဉ်တစ်စီး ဂျွိုင်းပြုတ်၍ လမ်းဘေးသို့ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပျော်ဘွယ်မြို့မှညောင်လေးပင်မြို့၊ ဒိုက်ဦးမြို့များသို့ ပို့ရန် ကြက်သွန်များ တင်ဆောင်လာသော ပျော်ဘွယ်မြို့နေ ယာဉ်မောင်း သူလှ (၃ဝ)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်မျိုးကိုကို လိုက်ပါလာသည့် ယာဉ်အမှတ် 5G\---အဖြူရောင်ခြောက်ဘီးယာဉ်သည် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၁ဝ၁/၃ လေပျဉ်ဆိတ်ကွေ့အရောက် မန္တလေးဘက်မှ ရန်ကုန်ဘက်လမ်း ညာဘက်ခြမ်းသို့ ဂျွိုင်းပြုတ်၍ အရှိန်မထိန်းနိုင်ဘဲ ထိုးကျ တိမ်းမှောက်သွားရာ လူများထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းသူလှအား ညောင်လေးပင်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ညောင်လေးပင်မြို့အထွက်၌ ခြောက်ဘီးယာဉ်တစ်စီး ဂျွိုင်းပြုတ်၍ လမ်းဘေးထိုးကျ တိမ်းမှောက် ညောင်လေးပင်မြို့အထွက်၌ ခြောက်ဘီးယာဉ်တစ်စီး ဂျွိုင်းပြုတ်၍ လမ်းဘေးထိုးကျ တိမ်းမှောက် Reviewed by THITHTOOLWIN on 10:34 Rating: 5
Powered by Blogger.