အဲမရိတ်စ်လေကြောင်း အမေရိက ခရီးစဉ်လျှော့ချ

ဒူဘိုင်း အခြေစိုက် အဲမရိတ်စ် လေကြောင်းလိုင်း
ဒူဘိုင်းမှာ အခြေစိုက်တဲ့ အဲမရိတ်စ် လေကြောင်းလိုင်းက အမေရိကကို ပျံတဲ့ လေယာဉ် ခရီးစဉ်တွေကို လျှော့ချ နေကြောင်း ကြေညာခဲ့ပါတယ်။

ဒါဟာ သမ္မတ ဒေါ်နယ် ထရမ့် တက်လာပြီး နောက်ပိုင်း လူဝင်မှု ကန့်သတ်ချက်တွေ ချမှတ်ခဲ့လို့ ဖြစ်ပါတယ်။

မွတ်ဆလင် နိုင်ငံ ၉ ခုက လာတဲ့ ခရီးသည်တွေကို ပြည်ဝင်ခွင့် ပိတ်ဖို့ ကြိုးစားတာ၊ နောက် လေယာဉ်ပေါ်မှာ လျှပ်စစ် အီလက်ထရောနစ် ပစ္စည်းတွေ သုံးတာကို ကန့်သတ်တာတွေကြောင့် အမေရိကကို သွားတဲ့ ခရီးသွား ဦးရေ လျှော့ကျလာတယ်လို့ ဆိုပါတယ်။

ဘော့စတွန်၊ အော်လန်ဒို၊ ဖို့လော်ဒါဒေးလ်၊ ဆီယက်တဲနဲ့ လော့ဆန်းဂျလိစ် မြို့တွေကို သွားတဲ့ ခရီးစဉ်တွေကို အဲမရိတ်စ် လေကြောင်းက လျှော့ချမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ