တူရကီသမ္မတအာဏာ ပိုမိုခိုင်မာရေး လူထုဆန္ဒခံယူမည်


တူရကီနိုင်ငံမှာ လက်ရှိရှိနေတဲ့ လွှတ်တော်စနစ်ကနေပြီး၊ သမ္မတက လုံးဝအုပ်ချုပ်မှုအာဏာရှိစေမယ့် စနစ်ကိုပြောင်းမယ့် လူထုဆန္ဒခံယူပွဲကို မနက်ဖြန်တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ တကယ်လို့ ထောက်ခံမှုရခဲ့မယ်ဆိုရင်တော့ - သမ္မတရဲ့ အာဏာတိုးလာစေမယ့် ဖွဲ့စည်းပုံ ပြင်ဆင်မှုတွေဖြစ်ပေါ်လာမှာဖြစ်ပြီး၊ အဲဒီကနေ ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးေ၇ွးကောက်ခံသမ္မတဖြစ်လာမှာဖြစ်ပါတယ်။

ထောက်ခံသူတွေကတော့ တူရကီနိုင်ငံအနေနဲ့ ဘယ်တုန်းကမှမကြုံဘူးတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ဒါကလိုအပ်တယ်လို့ ပြောပါတယ်။ ကန့်ကွက်သူတွေကတော့ - ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တူရကီနိုင်ငံကို အာဏာရှင်နိုင်ငံဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။

ဒီလိုမျိုးလုပ်ဖို့ ရှေ့တန်းကနေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ တူရကီသမ္မတ အာဒိုဝမ်ကတော့ - ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်လိုက်ခြင်းအားဖြင့် နိုင်ငံရေးတည်ငြိမ်မှုရှိအောင် လုပ်နိုင်မှာဖြစ်သလို၊ IS နဲ့ ကာဒ့်သူပုန်တွေရဲ့ ဆက်တိုက် ခြိမ်းခြောက်နေမှုတွေကိုလည်း ထိထိရောက်ရောက် တန်ပြန်လုပ်ဆောင်နိုင်အောင် အာမခံသွားနိုင်မှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
တူရကီသမ္မတအာဏာ ပိုမိုခိုင်မာရေး လူထုဆန္ဒခံယူမည် တူရကီသမ္မတအာဏာ ပိုမိုခိုင်မာရေး လူထုဆန္ဒခံယူမည် Reviewed by THITHTOOLWIN on 04:03 Rating: 5
Powered by Blogger.