![]() |
မဟာသင်္ကြန်အကျနေ့ မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ) |
နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၇ ခုနှစ်၊ မဟာသင်္ကြန်ကာလတွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၁၅၂ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
အခြားအမှုများ အနေဖြင့် ၁၄၇ မှုရှိခဲ့ကြောင်း သိရသည်။ သင်္ကြန်အကြိုနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၃ဦး၊ ဒဏ်ရာရသူ ၁၆ဦး နှင့် အမှုပေါင်း ၂၀ ရှိခဲ့သည်။ သင်္ကြန်အကျနေ့တွင် သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၆၂ ဦး နှင့် အခြားအမှုပေါင်း ၅၅ မှုရှိခဲ့သည်။ သင်္ကြန် အကြတ်နေ့တွင် သေဆုံးသူ၆ဦး၊ ဒဏ်ရာရသူ ၇၄ဦး နှင့် အခြားအမှုပေါင်း ၇၂ မှု ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။
သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်နေ့တွင် မာရသာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ သည့် အတွက် ရေပက်ကစားသူ နည်းပါးခဲ့ကာ အတက်နေ့တွင် သေဆုံးသူ၊ ဒဏ်ရာ ရသူနှင့် အခြားမှုခင်းများစာရင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် မပါရှိပေ။
၂၀၁၆ ခုနှစ် မဟာသင်္ကြန်တွင် ၃၆ ဦး သေဆုံးခဲ့ပြီး ၃၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
မဟာသင်္ကြန်ကာလတွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၁၅၂ ဦး ရှိ
Reviewed by THITHTOOLWIN
on
17:16
Rating:
