ကော့သောင်း - ရနောင်း ခရီးသည်တင် ကူးတို့ လှေတစ်စီးနစ်မြုပ်ကာ ခရီးသည်တစ်ဦးပျောက်ဆုံးမှုဖြစ်ပွား


ကော့သောင်း ၊ ဧပြီ ၂၅ ရက်

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့၊ ဓမ္မာရုံ ကူးတို့ဆိပ်အရှေ့ ပါချန်မြစ်အတွင်း ဧပြီလ ၂၅ ရက်နေ့  ယနေ့ မွန်းလွဲပိုင်း က ကော့သောင်း - ရနောင်း ခရီးသည်တင်ကူးတို့  လှေတစ်စီးနစ်မြုပ်မှုဖြစ်ပွား ကာ ခရီးသည်အမျိုးသားတစ်ဦး ပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ အဆိုပါနေ့ မွန်းလွဲပိုင်း က ဦးထွန်းဝေ ဆိုသူ မောင်းနင်သည့် ကော့သောင်း - ရနောင်း ခရီးသည်တင်ကူးတို့လှေ အမှတ် KT- 46 သည် ခရီးသည် (၁၅)ဦး နှင့်အတူ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပို့ဆောင်ပေးရန် ထွက်ခွာလာစဉ် ကူးတို့ဆိပ်အရှေ့ မြစ်အတွင်း တောင်ဖက်မှ မြောက်ဖက်သို့ စက်ရှိန်မြှင့် ခုတ်မောင်းလာသည့် ငါးကဲ့လှေကြီးတစ်စီး၏ လှိုင်းဒဏ်ကြောင့် ရေ၀င် နစ်မြုပ်မှုဖြစ်ပွားရာ အနီးအနား ပဲ့ချိတ်လှေများ မှ ၀ိုင်းဝန်းကယ်ဆယ်မှုကြောင့် ခရီးသည် (၁၄)ဦးအားကယ်ဆယ်နိုင်ခဲ့ကြရာ ကယ်ဆယ်ရရှိသူ များထဲမှ အမျိုးသမီး(၂)ဦးအား ကော့သောင်းပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ်တင်ပို့ကုသပေးလျှက်ရှိ ပြီး ဘီလူးကျွန်းချောင်းဆုံမြို့နယ်နေထိုင်သည့် အောင်ထိန်လင်း(၃၄)နှစ် (ဘ)ဦးအောင် ၊ ဆိုသူ အမျိုးသား တစ်ဦးပျောက်ဆုံးလျှက်ရှိ ရာ ကော့သောင်းခရိုင်၊ ရဲတပ်ဖွဲ့ မှူး ၏ဦးဆောင်မှုဖြင့် တာဝန်ရှိအဖွဲ့အစည်းများမှ ဆက်လက်ရှာဖွေကယ်ဆယ်မှုပြုလျှက်ရှိသည်။


ဖြစ်စဉ် နှင့်စပ်လျဉ်း၍ ကူးတို့လှေမောင်းနင်သူ နှင့် စက်ရှိန်မြှင့်ခုတ်မောင်းသည့် ငါးကဲ့လှေ မှတာဝန်ရှိသူများအား ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ရေယာဉ်များမဆင်မခြင်မောင်းနင်မှုဖြင့် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Iprd Kawthoung Iprd
ကော့သောင်း - ရနောင်း ခရီးသည်တင် ကူးတို့ လှေတစ်စီးနစ်မြုပ်ကာ ခရီးသည်တစ်ဦးပျောက်ဆုံးမှုဖြစ်ပွား ကော့သောင်း - ရနောင်း ခရီးသည်တင် ကူးတို့ လှေတစ်စီးနစ်မြုပ်ကာ ခရီးသည်တစ်ဦးပျောက်ဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.