![]() |
( ဓါတ်ပုံ - The Violet of Myanmar ဇတ်ကား ) |
Art of Myanmar ကုမ္ပဏီက ထုတ်လုပ်ပြီး၊ The Violet of Myanmar (ခရမ်းရောင် မြန်မာ) လို့နာမည်ပေးထားတဲ့ နှစ်နာရီစာ အဲဒီဗီဒီယိုဇာတ်ကားရဲ့ နမူနာကို ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြော်ငြာအဖြစ် လွှင့်တင်ထားခဲ့ပါတယ်။
အခုလို မြန်မာ့ပထမဆုံး HD အရည်အသွေးရှိ အဆင့်မြင့်ရိုက်ကူးတင်ဆက်ထားတဲ့ ညစ်ညမ်းအပြာဇာတ်ကားကို ထုတ်လုပ်ဖြန့်ချီနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်ပီတိဖြစ်သလို၊ နောက်ထပ်အလားတူဇာတ်ကားတွေလည်း ဆက်လက် ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတယ်လို့ ဆိုပါတယ်။
ရုပ်ရှင်ကားကို အွန်လိုင်းကနေတဆင့် ဖြန့်ချီရောင်းချတဲ့အခါ Viber ကိုအသုံးပြုခဲ့ပါတယ်။ အဲဒီဇာတ်ကားထုတ်လုပ်စရိတ် မြန်မာငွေကျပ် ၄ သိန်းကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး
Reviewed by THITHTOOLWIN
on
18:45
Rating:
