![]() |
PHOTO – SS ( ပြုတ်ကျခဲ့သည့်ဓါတ်ကြိုးကိုမြင်တွေ့ရစဉ်) |
ဧရာဝတိုင်းဒေသကြီး ၊လပွတ္တာမြို့တွင် ယနေ့ ( ဧပြီလ ၁၆ ရက်) နေ့လယ် ပိုင်းက မြေပြင်ပေါ် ပြုတ်ကျနေသာ ဓါတ်ကြိုးကိုကိုင်မိရာမှ ကျောင်းဆရာမနှင့်၎င်း၏မိခင်တို့တို့သေဆုံးခဲ့သည့် အမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း လပွတ္တာမြို့ရှိ AHN သတင်းထောက်ကယနေ့ ညနေပိုင်းတွင်သတင်းပေးပို့သည်။
![]() |
လ ပွ တ္တ မြို့ ၉ ရပ် ကွက် ၊ သီ တာ လမ်း မှ သား အ မိ နှစ် ဦး ဓာတ် ကြိုး ပြတ် ကျ ၍ ဓာတ် လိုက် သေ ဆုံး သွား ပါ တယ်။ ဓါတ်ပုံ - Heart Laputta |

ဖြစ်သလိုသွယ်တန်းထားသည့် ဓါတ်ကြိုးများကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးပေးစေလိုကြောင်း မအူပင်မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
“ ဓါတ်ကြိုးတွေက ဖြစ်သလို သွယ်တန်းထားတာဗျ။ အခုလိုလေကြမ်းတော့ ဓါတ်ကြိုးတွေပြုတ်ကျကုန်တာပေါ့။ ဆရာမလေးတို့သားအမိ ကွယ်လွန်ရတာ တကယ့်ကို ကြေကွဲစရာကောင်းပါတယ်။ ဓါတ်လိုက်သူကိုဝင်ဆွဲရင်ဆွဲတဲ့သူပါ ဓါတ်လိုက်ခံရတတ်တယ်ဆိုတာကို သတိပြုမိကြဖို့လိုတာပေါ့ဗျာ။ ဖြစ်သလိုသွယ်တန်းထားတဲ့ ဓါတ်ကြိုးတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးပေးပါလို့တောင်းဆိုချင်ပါတယ် ဗျာ… “ ဟု ၄င်းကပြောသည်။
စိုးစိုး( လပွတ္တာ)
The Asia Heart News
https://www.facebook.com/The-Asia-Heart-News
ပြုတ်ကျနေသာ ဓါတ်ကြိုးကိုကိုင်မိရာမှ ကျောင်းဆရာမနှင့် ၄င်း၏ မိခင်တို့ သေဆုံး
Reviewed by THITHTOOLWIN
on
20:39
Rating: