ကြိုးကြာကွင်း​ကျေးရွာအနီးတွင်​ အရှိန်​လွန်​​မော်​​တော်​ယာဉ်​ လမ်း​ဘေး​ကျောက်​တိုင်​ဝင်​တိုက်​ ယာဉ်​​မောင်း​သေဆုံး
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​ခရိုင်​၊ ​ကျောင်းကုန်းမြို့နယ်​၊ ကြိုးကြာကွင်း​ကျေးရွာအနီး ဧပြီ ၂၁ ရက်​​နေ့ နံနက်​ ၆း၂၅ နာရီအချိန်​ခန့်​တွင်​ အရှိန်​လွန်​​မော်​​တော်​ယာဉ်​ လမ်း​ဘေးရှိ လမ်းကာ​ကျောက်​တိုင်​အား ဝင်​​ရောက်​တိုက်​မိမှု ဖြစ်​ပွားခဲ့ရာ ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
အမှုမှာ နံနက်​​စော​စော ၆း၂၅ နာရီအချိန်​ခန့်​တွင်​ ပုသိမ်​-မုံရွာကားလမ်း၊မိုင်​တိုင်​အမှတ်​ ၂၇/၃ နှင့်​ ၂၇/၄ ကြား၊ကြိုးကြာကွင်း​ကျေးရွာအနီးတွင်​ ကံက​လေးဘက်​မှ ပုသိမ်​ဘက်​သိုယာဉ်​​မောင်း သန်းထိုက်​​အောင်​ ၄၄ နှစ်​၊ အပင်​နှစ်​ဆယ်​ရွာ၊ ကန်​ကြီး​ထောင့်​မြို့နယ်​ ​နေသူ​မောင်းနှင်​ပြီး၊ ယာဉ်​​ပေါ်တွင်​ သားဖြစ်​သူ ​မောင်​​ဝေဖြိုး​အောင်​ ၁၀ တန်း​ကျောင်းသား၊ အ.ထ.က ၂ ၊ ပုသိမ်​မြို့ နှင့်​ မအိ​နြေ္ဒ​အောင်​ ၆တန်း ကျောင်းသူ ၊ စိန်​ကျွန်းခရစ်​ယန်​​ကျောင်း၊ ပုသိမ်​မြို့ တို့လိုက်​ပါ စီးနင်းလာ​သော 5H/------ ခဲ​ရောင်​ယာဉ်​မှာ ကြိုးကြာကွင်း​ကျေးရွာအနီး လမ်း​ကွေ့၌ အရှိန်​မထိန်းနိုင်​ဘဲ ဘီး​ချော်​၍ တစ်​ဘက်​ယာဉ်​​ကြောသို့​ရောက်​ရှိသွားကာ လမ်း​ဘေးရှိ ဖြူ/နီကြား လမ်းကာ​ကျောက်​တိုင်​အား ဝင်​တိုက်​မိပြီး၊ မ​လေးရှားပိ​တောက်​ပင်​အား ထပ်​မံဝင်​​ရောက်​တိုက်​မိသဖြင့် ​မော်​​တော်​ယာဉ်​​မောင်း သန်းထိုက်​​အောင်​တွင်​ ပြင်းထန်​သည့် ဒဏ်​ရာများ ရရှိသွားပြီး၊ အခင်းဖြစ်​​နေရာတွင်​ပင်​ ​သေဆုံးသွားသည်။
သေဆုံးသူကို ​ကျောင်းကုန်း​ဆေးရုံသို့ ​ဆေးစာ​ရေးသား​ပေးပို့ထားရှိရာ ​ဆေးရုံမှ အ​လောင်းအား ရင်​ခွဲမှတ်​တမ်း ၁၅/၁၇၊ ဖြင့် စစ်​​ဆေး​ဆောင်​ရွက်​မည်​ဖြစ်​​ကြောင်းနှင့် ယာဉ်​မဆင်​မခြင်​​မောင်းနှင်​ခြင်းဖြင့် လူကိုထိခိုက်​​နာကျင်​​သေဆုံး​စေသူ ယာဉ်​​မောင်းသန်းထိုက်​​အောင်​အား လှည်းဆိပ်​ရဲကင်းစခန်းမှူး ရဲအုပ်​ညွန့်​​အောင်​မှ တရားလိုပြုလုပ်​၍ ​ကျောင်းကုန်းမြို့မရဲစခန်းတွင်​ ယာဉ်​(ပ) ၂၈/၂၀၁၇၊ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့် အ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။
ဝင်းကြိုင်​(​ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကြိုးကြာကွင်း​ကျေးရွာအနီးတွင်​ အရှိန်​လွန်​​မော်​​တော်​ယာဉ်​ လမ်း​ဘေး​ကျောက်​တိုင်​ဝင်​တိုက်​ ယာဉ်​​မောင်း​သေဆုံး  ကြိုးကြာကွင်း​ကျေးရွာအနီးတွင်​ အရှိန်​လွန်​​မော်​​တော်​ယာဉ်​ လမ်း​ဘေး​ကျောက်​တိုင်​ဝင်​တိုက်​ ယာဉ်​​မောင်း​သေဆုံး Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.