ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်တွင်ဖြစ်ပွားသော လူသတ်မှုတရားခံအား ဖမ်းဆီးရမိ


နေပြည်တော် ဧပြီ ၁ဝ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်တွင် ဧပြီ ၅ ရက်က ဖြစ်ပွားခဲ့သော လူသတ်မှု တရားခံအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီက ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် ဦးဘွားလမ်း အိမ်အမှတ် (၁၂/၁၉) နေ မိခင် ဒေါ်တင်ရွှေနှင့်အတူနေထိုင်သော ဦးကျော်မင်းသိန်း၏ သားဖြစ်သူ မြတ်မင်းဟန်(ခ) မြတ်ကြီး (၃၅ နှစ်) နေအိမ်အိပ်ခန်းအတွင်း ခုတင်ပေါ် တွင် ဒဏ်ရာများရရှိ သေဆုံးနေပြီး အိမ်အနီးဝန်းကျင်မှ ဒေါ်အေးမြင့်၏ ပြောပြချက်အရ ဦးကျော်မင်းသိန်း၏ သားဖြစ်သူမှာ ယင်းနေ့ နံနက် ၁၂ နာရီ ခွဲခန့်တွင် နေအိမ်သို့ ဆိုင်ကယ်နှင့် ပြန်လာပြီး သူငယ်ချင်းနှစ်ဦး ပါလာ သည်ကို တွေ့မြင်ရကြောင်း၊ ၄င်းနှင့် သူငယ်ချင်းနှစ်ဦးတို့ စကားပြောနေ သည်ကို တွေ့ရကြောင်းပြောပြ၍ ဖခင် ဖြစ်သူက ၄င်း၏သားသေဆုံးခြင်းနှင့် ပတ်သက်၍တရားခံအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ပျဉ်းမနားမြို့မ ရဲစခန်းသို့ တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပျဉ်းမနား မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးတင်ဌေးက တရားခံများအား အမြန်ဆုံးဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၇ ရက်တွင် ယင်းအမှုမှ ဇင်မင်းဦး (၂၉ နှစ်) ကမ်းနားလမ်း သာယာကုန်း (၁) ရပ် ရွာကောက်ရပ်ကွက် ပျဉ်းမနား မြို့နေသူသည် မုံရွာမြို့ရှိ တည်းခိုခန်း တစ်ခုတွင် ရောက်ရှိတည်းခိုနေကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖမ်းဆီးရန် မုံရွာမြို့ရှိ တည်းခိုခန်းများအား လိုက်လံ စုံစမ်းခဲ့ရာ မုံရွာမြို့ ရုံးကြီးရပ်ကွက် နယ်မြေ (၁) သာလာဝတ္တိရပ် ကမ်းနား လမ်း ''လပြည့်'' တည်းခိုခန်း အမှတ် (၁ဝ၃) တွင်တည်းခိုနေသော ဇင်မင်းဦး အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော မတ်လအကုန်ခန့်က သေဆုံးသူ မြတ်မင်းဟန် (ခ) မြတ်ကြီး၏ ဆိုင်ကယ်အား ၄င်းယူပေါင်ထားဖူး သည့်ကိစ္စနှင့်ဆက်နွှယ်၍ စကားများ ရာမှ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး အခင်းဖြစ်စဉ်က အသုံးပြုခဲ့သော သက်သေခံအိမ်သုံး သံရိုက်တူနှင့် သေဆုံးသူထံမှ ယူဆောင် သွားသည့် လက်ကိုင်ဖုန်းတို့အား (၈၅) တံတားပေါ်မှတစ်ဆင့် ငါးလိုက်ချောင်း အတွင်းသို့ အခင်းဖြစ်ညက လွှင့်ပစ်ခဲ့ ကြောင်းနှင့် ၄င်းယူဆောင်သွားသည့် သေဆုံးသူ၏ဆိုင်ကယ်အား ပျဉ်းမနား မြို့ ဘောဂသီရိကားဝင်းရှိ ရှိုင်းလက်ဖက် ရည်ဆိုင်ရှေ့ရှိ ကွမ်းယာဆိုင်ဘေးတွင် ဆိုင်ကယ်သော့နှင့်အတူ ထားရစ်ခဲ့ ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ဖြစ်စဉ်အမှုမှ သက်သေခံပစ္စည်း များအနက် သက်သေခံဆိုင်ကယ်အား ၄င်းထားရှိခဲ့သော ဘောဂသီရိကားဝင်း ရှိုင်းလက်ဖက်ရည်ဆိုင်အနီးမှ ပြန်လည် သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိသည့် သက်သေခံပစ္စည်းများ ပြန်လည် သိမ်းဆည်းရမိရေး ပြစ်မှုကျူးလွန်သူ ဇင်မင်းဦးအား ပျဉ်းမနားမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဌေးက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်တွင်ဖြစ်ပွားသော လူသတ်မှုတရားခံအား ဖမ်းဆီးရမိ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်တွင်ဖြစ်ပွားသော လူသတ်မှုတရားခံအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.