ဟားခါးမြို့ မြို့ကွက်သစ်၌ ဓားထိုးမှုဖြစ်ပွား လူတစ်ဦးသေဆုံး


ဟားခါး ဧပြီ ၆

၂၀၁၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ညနေ (၅)နာရီခန့်တွင် ဟားခါးမြို့၊ မြို့ကွက်သစ်၌ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟားခါးမြို့၊ မြို့ကွက်သစ်အမှတ်(၂) အိမ်အမှတ်(၇၀)တွင် နေထိုင်သူ အဘဦးဟရမ်ကျဲမ်း၏သား မောင်တလာဘွေ အသက်(၁၈)နှစ်သည် ယာရင်အုံဓားထိုးဒဏ်ရာဖြင့် ဆေးရုံသို့ ရောက်ရှိလာရာ သွေးသွင်းပေးနေစဉ် သတိရလာသဖြင့် မေးမြန်းရာမှ သူငယ်ချင်းဖြစ်သူ အမှတ်(၂) မြို့ကွက်သစ်တွင် နေထိုင်သူ အဘဦးထောင်မန်း၏ သားမောင်ဗန်ဒေါ့ကျုံးနှင့်အတူ ဆိုင်ကယ်မှောက်ပြီး အချင်းချင်းရန်ဖြစ်ရာမှ မောင်ဗန်ဒေါ့ကျုံးက ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ပြောပြချက်အရ သိရှိရပြီး ၄င်း(၁၈၀၅)ချိန်တွင် ရရှိသည့် ဒဏ်ရာဖြင့် ဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တရားခံဗန်ဒေါ့ကျုံး အသက်(၂၉)နှစ်အား ဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ရာ ဝန်ခံခဲ့သဖြင့် ဟားခါးမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

( ဟားခါးခရိုင် ပြန်/ဆက် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဟားခါးမြို့ မြို့ကွက်သစ်၌ ဓားထိုးမှုဖြစ်ပွား လူတစ်ဦးသေဆုံး ဟားခါးမြို့ မြို့ကွက်သစ်၌ ဓားထိုးမှုဖြစ်ပွား လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.