မိန်းကလေးများ ညအချိန် အပြင်ထွက်မယ်ဆိုခဲ့ရင် ဒါလေးကို ဖတ်ထားပြီးမှ ထွက်ပါ


မုံရွာ၊ ဧပြီ ၂၇

လမ်းသွားလမ်းလာ မိန်းကလေးတစ်ယောက်ကို ဆိုင်ကယ်စီးလာတဲ့ ယောင်္ကျားလေးတစ်ဦးက ရုပ်ရှင်ထဲကလို အချစ်ဓားပြတိုက်ဖို့အတွက် လက်ဆွဲ ဖက်နမ်း လည်ပင်းညစ်နေတာကြောင့် ပြည်သူနဲ့ ရဲက၀ိုင်းဝန်းဖမ်းဆီးလိုက်တဲ့ ပြစ်မှုဖြစ်စဉ်တစ်ရပ် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သာစည်လမ်းအနီးမှာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ဧပြီ ၂၅ ရက်ည ၉ နာရီ ၃၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့သူဟု သံသယရှိသူကို ဒေသခံ ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

မုံရွာမြို့ သလ္လာအမှတ်(၉)ရပ်ကွက်မှာ နေထိုင်တဲ့ အသက်(၂၁)နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အဲ့ဒီညက သူမရဲ့ ခင်ပွန်းဖြစ်သူ အလုပ် လုပ်ရာက အိမ်ပြန်နောက်ကျနေတာကြောင့် စိုးရိမ်စိတ် လွန်ကဲပြီး နေအိမ်ကနေ ခင်ပွန်းဖြစ်သူရဲ့ အလုပ်ရုံကိုသွားရောက်ခဲ့တဲ့ လမ်းမှာဘဲ အခုလို အဖြစ်အပျက်မျိုးနဲ့ ကံမကောင်းစွာ ကြုံတွေ့ခဲ့ရတယ်လို့ ဒီကနေ့ဘဲ မုံရွာနယ်မြေရဲစခန်းကို လာရောက်ပြီး အမှုစစ် ရဲအရာရှိတစ်ဦးထံ သူမက ပြောပြသွားတာဖြစ်ပါတယ်။

အဲ့ဒီနောက် မှုခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သူမက ...
'' .. ယောင်္ကျားက အိမ်ပြန်နောက်ကျနေတာကြောင့် ဘာများဖြစ်လို့လဲဆိုပြီး စိတ်ပူမိတယ် ..။ အဲ့ဒါကြောင့် သူ့အလုပ်ရုံကို လိုက်သွားခဲ့တယ်။ ခြေလျင် လိုက်သွားခဲ့တာပါ ။ တိုးကြီး ကွမ်းယာဆိုင်အနီးရောက်တော့ လူသုံးယောက်ပိုးစီးလာတဲ့ ဆိုင်ကယ်တစ်စီးက သမီးနားအရောက်မှာ ရပ်ပြီး အဲ့ဒီ ဆိုင်ကယ်ပေါ်က အလယ်မှာ ထိုင်လိုက်လာတဲ့ လူတယောက်က ဆင်းပြီး ဘယ်သွားမှာလဲလို့မေးတယ် ။ သမီးကလည်း ယောင်္ကျား အလုပ်က ပြန်မလာသေးလို့ အလုပ်ရုံးကို လိုက်သွားမလို့ ဆိုပြီး ပြောတယ် ။

အဲ့ဒီ အချိန်မှာ အဲ့ဒီလူက သမီးရဲ့လက်ကိုဖမ်းဆွဲဆုပ်ကိုင်ထားပြီး သမီးရဲ့ ယာဘက်ပါးကိုနမ်းတယ် ..။ အဲ့ဒီအချိန်မှာ သမီးက ဘေးပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းတော့ သမီးရဲ့ လည်ပင်းကို တအားညှစ်ပစ်လိုက်တယ် ..။

အဲ့ဒီအချိန်မှာ ဆိုင်ကယ်ပေါ်မှာ ကျန်နေတဲ့ လူနှစ်ယောက်က ဆိုင်ကယ်ပေါ်ကဆင်းလာပြီး သူတို့လူကို အဲ့လိုမလုပ်ဖို့ ပြောတယ် ..။ သမီးကို ဆွဲရမ်းနေတဲ့ အချိန်မှာဘဲ လမ်းသွား လမ်းလာဆိုင်ကယ်သုံးစီးရောက်လာပြီး ဘာဖြစ်တာလဲမေးတော့ သမီးက အကြောင်းစုံပြောပြလိုက်တယ် ..။ ခဏနေတော့ ရဲတွေရောက်လာပြီး အဲ့ဒီလူကို ဖမ်းသွားတာဖြစ်တယ် ..။ သမီးလည်း ဆေးရုံသွားပြီး ဆေးကုသခံနေရလို့ ဒီကနေ့မှလာပြီး ကိုယ်တိုင်အမှုဖွင့်တိုင်တန်းရတာပါ ...လို့ဆိုပါတယ်။

အဲ့ဒီအမှုကို မုံရွာနယ်မြေရဲစခန်းက (ပ)၂၉၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၅၄/၃၂၃ အရ အမှုဖွင့်အရေးယူထားခဲ့ပြီး ထိုသူအား လုယက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍လည်း မသင်္ကာဖွယ်ရာ အခြေအနေတွေရှိတာကြောင့် အဲ့ဒီအမှုများအတွက်လည်း စစ်ဆေးနေတယ်လို့သိရပါတယ်။
သူကတော့ ကိုပြည့်ဖြိုး အသက်(၂၈)၊ နှစ် ပညာအရည်အချင်း(၃)တန်းပြည်တော်သာရပ်၊ မုံရွာမြို့ ဆိုသူဖြစ်ကြောင်း မုံရွာနယ်မြေရဲစခန်းက သိရှိရပါတယ်။

သတင်း + ဓာတ်ပုံ ကိုတိုးကြီး
မိန်းကလေးများ ညအချိန် အပြင်ထွက်မယ်ဆိုခဲ့ရင် ဒါလေးကို ဖတ်ထားပြီးမှ ထွက်ပါ မိန်းကလေးများ ညအချိန် အပြင်ထွက်မယ်ဆိုခဲ့ရင် ဒါလေးကို ဖတ်ထားပြီးမှ ထွက်ပါ Reviewed by THITHTOOLWIN on 01:08 Rating: 5
Powered by Blogger.