မြင်းခြံမြို့မဈေးဆိုင်ခန်းခ တိုးမြှင့်ကောက်ခံမှုကို ဈေးသူ ဈေးသားတွေ ဧပြီလ ၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်။ Photo: Hset Paing Toe/RFA |
ဆိုင်ခန်းခ လစဉ်ကြေး ၅ ဆတိုးကောက်တာကို လက်မခံနိုင်ပေမယ့် အများနည်းတူ တိုးမြှင့်ကောက်ခံတာကို လက်ခံနိုင်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ မြင်းခြံမြို့မဈေးက ဦးမင်းမင်းသန့်က ပြောပါတယ်။
"သူတို့ဘာသာစာရွက်ကိုလာပြပြီးတော့ ဈေးသူဈေးသားတွေသဘောတူညီအောင်ပဲ သူတို့လုပ်သွားတာ၊ တစ်ယောက်ချင်းစီမေးတာတော့ မရှိပါဘူး၊ ကျနော်တို့က ၂ ဆ ဆိုသဘောတူပါတယ်၊ ကျနော်တို့မြို့တစ်မြို့ထဲ ၅ လဖြစ်နေတဲ့အတွက် ဆန္ဒပြတာပါ၊ မိထ္တီလာဈေးတို့၊ မန္တလေး ရတနာပုံဈေးတို့တောင် ၂ ဆဖြစ်ပြီး၊ ကျနော်တို့မြို့ပဲ ၅ ဆဖြစ်နေတာ"
မြင်းခြံမြို့နယ်အတွင်းမှာရှိတဲ့ အေးမြသီတာဈေး၊ မြင်းခြံမြို့မဈေး၊ စံပြဈေးနဲ့ ကျေးလက်ဈေးတွေက ဆိုင်ခန်းငှါး ရမ်းခတွေကို ငွေကျပ် ၁၂၀၀ ကနေ ကျပ် ၆၀၀၀ အထိ ဧပြီလကစပြီး တိုးမြှင့်ကောက်ခံလိုက်တာဖြစ်ပါတယ်။
အခုလို ၅ ဆ အထိတိုးမြှင့်ကောက်ခံတာဟာ ခေတ်နဲ့အညီအခွန်တိုးကောက်ဖို့ မန္တလေးတိုင်း စည်ပင်သာ ယာရေးကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း ပြောင်းလဲကောက်ခံတာဖြစ်ပြီး ကောက်ခံရရှိတဲ့ငွေကြေးကို မြင်းခြံမြို့ ဖွံ့ဖြိုးရေးအတွက်သာ အသုံးပြုသွားမှာဖြစ်တယ်လို့ မြင်းခြံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာ ဝင့်သူက ပြောပါတယ်။
တိုးမြှင့်ကောက်ခံတဲ့နှုန်းထားအတိုင်း အခွန်ပေးဆောင်မှာ မဟုတ်သလို ဈေးသူ ဈေးသားတွေနဲ့ ညှိနှိုင်းပြီးပြောင်း လဲကောက်ခံမှသာ လစဉ်ကြေးတွေကို ပေးဆောင်သွားမှာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြင်းခြံမြို့မဈေးဆိုင်ခန်းခ တိုးမြှင့်ကောက်ခံမှု ကို ဈေးသူ ဈေးသားတွေ ဆန္ဒပြကန့်ကွက်
Reviewed by THITHTOOLWIN
on
21:28
Rating: