ဘုရားထီးတင်ပွဲမှ အပြန် ရပ်နေသည့် ယာဉ်အား နောက်ကားက ဝင်တိုက်၍ သေဆုံးဒဏ်ရာရရှိ

ရှေ့မှရပ်နေသည့် ယာဉ်အားနောက်ကားက ဝင်တိုက်၍ ယာဉ်နှစ်စီးလုံး တိမ်းမှောက်ပြီး သေဆုံးဒဏ်ရာရရှိ
သံဖြူ ဇရပ် ဧပြီ ၁ဝ

ဧပြီ ၉ရက်ညနေ၂နာရီ၄၀မိနစ်က မွန်ပြည်နယ် သံဖြူ ဇရပ်-ရေးကားလမ်းမကြီး၊ သံဖြူ ဇရပ်မြို့နယ်အပိုင် ဝဲခမိကျေးရွာအနီး မိုင်တိုင်၅၅/၇တွင် ရှေ့မှရပ်နေသည့် ယာဉ်အား နောက်ကားက ဝင်တိုက်၍ ယာဉ်နှစ်စီးလုံး တိမ်းမှောက်ပြီး သေဆုံးဒဏ်ရာရရှိ ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ယာဉ်တိုက်မှုအား ဝဲခမိကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ကျော်သန်းမှ သံဖြူ ဇရပ်မြို့မရဲစခန်းသို့ ဖုန်းသတင်းပေးပို့ ချက်အရ တာဝန်မှူးဒုရဲအုပ်မြင့်ဇော်ဦးနှင့် ရဲတပ်ဖွဲ့ ဝင်များမှ သွားရောက်စစ်ဆေးရာ မိုင်တိုင်အမှတ် ၅၅/၇အနီး ကတ္တရာလမ်းဘေးတွင် လိုက်ထရပ်အဖြူရောင်ယာဉ်နှင့် ဟိုက်ဂျက်အဖြူ ရောင်ယာဉ်တို့ မှာ ယာဉ်တိုက်မှု ဖြစ်ပြီး တိမ်းမှောက်နေ သည့်အပြင် အမျိုးသမီးကြီးတစ်ဦးမှာ လိုက်ထရပ်ယာဉ်၏အောက်တွင် သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ ရှိခဲ့ရသည်။

ထို့ ပြင် ဒဏ်ရာရ လူနာများကိုလည်း ပြည်သူများ၏ အကူအညီဖြင့် ဝဲခမိတိုက်နယ်ဆေးရုံ
သို့ ပို့ ဆောင်ပေးထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းဦးဆန်းဝင်း(၃၈)နှစ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာမောင်းနှင်သည့် ဟိုက်ဂျက် ယာဉ်အမှတ် 3M/---- သည် သံဖြူ ဇရပ်မြို့နယ် ဘုရားလေးဆူရွာ ဘုရားထီးတင်ပွဲမှ ၄င်းတို့ ၏နေရပ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာအုပ်စု ဝဲဖယ်ရွာသို့ ယာဉ်ပေါ်ပါ ခရီးသည်ရှစ်ဦးဖြင့် အပြန်ခရီးတွင် ဝဲခမိကျေးရွာအနီး ကားလမ်းဘေးဈေးဆိုင်၌ ရောင်းချနေသည့် ဖရဲသီးဝယ်ယူရန်ကားကိုလမ်းဘေးချရပ်ထားစဉ် အဆိုပါယာဉ်အနောက်သို့ ဝင်းဇော်ဦး(၃၈)နှစ် ရေးမြို့နယ်နေသူ
မောင်းနှင်သည့် 1K/---- လိုက်ထရပ်ယာဉ်မှ အရှိန်မထိန်းနိုင်ပဲဝင်တိုက်မိရာ ဟိုက်ဂျက်ကား၏ အနောက်မြေပြင်တွင်ရှိနေသည့် ဒေါ်နှင်း(၆၇)နှစ်အား တိုက်မိပြီးနောက် ခရီးသည် ၇ဦး ခန့် ရှိနေသည့် ဟိုက်ဂျက်ယာဉ်ကိုပါ အရှိန်ပြင်းစွာတိုက်ခဲ့ရာ ဟိုက်ဂျက်ကားမှာ လွင့်စင်တိမ်းမှောက်သွားသည့်အပြင် တိုက်သည့်လိုက်ထရပ်ကားပါ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ့ဖြစ်စဉ်ကြောင့် ဒေါ်နှင်း(၆၇)နှစ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာအုပ်စု ဝဲဖယ်ရွာနေသူမှာဦးခေါင်းဒဏ်ရာ ဝဲဖက်တံတောင်ဆစ်ကျိုး ဒဏ်ရာနှင့် ခန္ဓာကိုယ်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးပြီး ဟိုင်းဂျက်ယာဉ်ပေါ်ပါခရီးသည် အမျိုးသားသုံးဦး အမျိုးသမီးလေးဦးတို့ မှာ
ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကာ လိုက်ထရပ်ယာဉ်မောင်းဝင်းဇော်ဦးမှာ ဝဲဖက်ပေါင်ကျိုးဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သည်။

ဒဏ်ရရာရရှိသူများ အားလုံးကို သံဖြူ ဇရပ်မြို့နယ်ဆေးရုံသို့ လွှဲပြောင်းပို့ ဆောင်ပေးခဲ့ပြီး ယာဉ်
မဆင်မခြင်မောင်းနှင်သူ ဝင်းဇော်ဦးအားသံဖြူ ဇရပ်ရဲစခန်းမှ အမှု ဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘုရားထီးတင်ပွဲမှ အပြန် ရပ်နေသည့် ယာဉ်အား နောက်ကားက ဝင်တိုက်၍ သေဆုံးဒဏ်ရာရရှိ ဘုရားထီးတင်ပွဲမှ အပြန် ရပ်နေသည့် ယာဉ်အား နောက်ကားက ဝင်တိုက်၍ သေဆုံးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.