ကျောက်ဖြူ ဧပြီလ ၁၆
၂၀၁၇ ခုနှစ်၊ဧပြီလ(၁၆)ရက်နေ့၊ မွန်းလွဲ(၁)နာရီ(၃၀)မိန်စ်အချိန် တိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မာရသာ (Maarutha) သည် အရှေ့မြောက် ဖက်ခန့်ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ပုသိမ်မြို့ ၏ အနောက်မြောက်ဖက်(၁၀၅)မိုင်ခန့် ဂွမြို့၏အနောက်တောင်ဖက်(၉၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဖက်(၁၀၅)မိုင်ခန့်နှင့် ကျောက်ဖြူမြို့၏တောင်၊ အနောက် တောင်ဖက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရှိရ သည်။
အဆိုပါ ဆိုင်ကလုန်မုန်းတိုင်းသည် အရှေ့ဖက်သို့ဆက်လက်ရွေ့ လျားမည် ဟု ခန့်မှန်းရပြီး မုန်းတိုင်းမာရသာ(Maarutha) သည် မြန်မာနိုင်ငံ ကမ်းခြေဒေသ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ကာ အနီရောင်ဟု သတ်မှတ်ထားကြောင်း သိရှိရသည်။ အဆိုပါ မုန်တိုင်း၏ လေတိုက်နှုန်း မှာ (၁)နာရီ မိုင်(၅၀)နှုန်းဖြစ်ကြောင်းလည်း သိရသည်။
ကျောက်ဖြူမြို့နယ်အတွင်း မုန်တိုင်း သတိပေးဆောင်ရွက်ချက် များကိုမြို့နယ် စီမံခန့်ခွဲ ရေးကော်မတီ ၊မြို့နယ်ရဲတပ်ရဲမှူး၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ နှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင် များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များအဖွဲ့သည်ကျောက်ဖြူမြို့တွင်းနှင့် ပင်လယ်ကမ်းခြေနှင့် နီးသော ကျေးရွာများသို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး လိုက်လံနိုးဆော် လျက်ရှိ ကြောင်းသိရှိရပါသည်။
(ကျောက်ဖြူ ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်ဖြူမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြိုတင် ဆောင်ရွက်ထားရှိ
Reviewed by THITHTOOLWIN
on
17:17
Rating:
