ဒေသထွက် လက်မှုပစ္စည်းများ ဖန်တီးပြုလုပ်မှု ပြိုင်ပွဲကျင်းပ


ရိုးရာလက်မှုပစ္စည်းများ ဖန်တီးပြုလုပ်ပြီး ဒေသထွက်လက်မှုပစ္စည်းများ ထုတ်ဖေါ်ပြသခွင့်ရရှိနိုင်မည့် ကယားပြည်နယ်လက်မှုလုပ်ငန်းပြိုင်ပွဲကို ကျင်းပနေကြောင်း သိရသည်။

သဘာဝထွက်ပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းများကို အသုံးပြုကာ မိမိတို့၏ ကိုယ်ပိုင်ဟန်လက္ခဏာများဖြင့် အရည်အသွေးကောင်းမွန်သော လက်မှုပစ္စည်းများ ထုတ်လုပ်မှုမြှင့်တက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်ပြီး လက်မှုပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ဒေသထွက်လက်မှုလုပ်ငန်းရှင်များမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေဝန်ကြီးဌာန ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာနက ကြေညာထားသည်။

အဆိုပါပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပစ္စည်းအမျိုးအစားကို ၇ မျိုးသတ်မှတ်ထားပြီး ရက်ကန်းထည်များ၊ တောင်းရက်ခြင်း၊ သတ္တုပစ္စည်းများဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများ၊ ရွံ့စေးဖြင့် ပြုလုပ်သော လက်မှုပစ္စည်း၊ သစ်သားပစ္စည်း၊ ဝါးနှင့် သစ်စေဖြင့် ပြုလုပ်သောလက်မှုပစ္စည်းနှင့် အဆင်တန်ဆာနှင့် အလှဆင်ပစ္စည်းများဖြင့် ဖန်တီးပြုလုပ်ရမည်ဖြစ်သည်။

ပြိုင်ပွဲကာလကို ဧပြီ ၁၈ ရက်နေ့မှ ဇွန် ၅ ရက်နေ့အထိ သတ်မှတ်ထားသည်။ ဆုကြေးကို ပထမဆု ကျပ် ၁ သိန်း၊ ဒုတိယဆု ကျပ် ၅ သောင်းနှင့် တတိယဆု ကျပ် ၃ သောင်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ဒေသထွက် လက်မှုပစ္စည်းများ ဖန်တီးပြုလုပ်မှု ပြိုင်ပွဲကျင်းပ  ဒေသထွက် လက်မှုပစ္စည်းများ ဖန်တီးပြုလုပ်မှု ပြိုင်ပွဲကျင်းပ Reviewed by THITHTOOLWIN on 10:38 Rating: 5
Powered by Blogger.