တောင်ကြီးမှာ ၀ အထူးဒေသ (၂)လားရှိုးဆက်ဆံရေးရုံး စီးပွားရေးတာဝန်ခံဆိုသူမှ မိုးပေါ်ထောင် သေနတ်ပစ်ဖောက်မှုဖြစ်ပွား
တောင်ကြီး ၊ ဧပြီ -၈
တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက် နယ်မြေ (၂) ရေထွက်ဦးလမ်းမှာ ဧပြီလ ၇ ရက်နေ့ညပိုင်းက သေနတ်ပစ်ဖောက်မှုဖြစ်ပွားခဲ့တယ်လို့ တောင်ကြီးနယ်မြေရဲစခန်းက သိရပါတယ်။
ဝအထူးဒေသ(၂) လားရှိုးဆက်ဆံရေးရုံးမှ စီးပွားရေးတာဝန်ခံ အားဟောင် ဆိုသူက သေနတ်မိုးပေါ်ထောင်ပစ်ဖောက်ခဲ့တာဖြစ်ပြီးတော့ ဆယ်ချက်ထက်မနည်း ပစ်ဖောက်ခဲ့တာဖြစ်တယ်လို့ ဘုရားဖြူ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ သိရပါတယ်။
ဘုရားဖြူ ရပ်ကွက် နယ်မြေ (၂) ရေထွက်ဦးလမ်းမှာရှိတဲ့ ဖြူဖွေးကုန်စုံဆိုင်အရှေ့မှာ ဒီလိုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ရောက်ရှိလာချိန်မှာ သေနတ်ပစ်ဖောက်သူက ထွက်ပြေးသွားပြီး ဘုရားဖြူရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဘုရားဖြူရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
ဖမ်းဆီးရမိတဲ့အချိန်မှာ ၀အထူးဒေသ(၂) လားရှိုးဆက်ဆံရေးရုံးမှ စီးပွားရေးတာဝန်ခံ အားဟောင် က သူ့မိန်းမနဲ့ စကားများပြီး ဒီလိုလုပ်လိုက်တာဖြစ်တယ်လို့ ထွက်ဆိုထားပြီးတော့ သူ့ထံကနေ M22 ကျည်အိတ် ၂ ခု၊ ကျည် ၄၆ တောင့် ၊ ပစ်ပြီး ကျည်ခွံ ၁၀ တောင့် တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
သေနတ်ပစ်ဖောက်ခဲ့တဲ့ အားဟောင် (၂၇) နှစ်ကို တောင်ကြီးနယ်မြေရဲစခန်းက (ပ) ၃၄/ ၂၀၁၇ လက်နက်ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။
သတင်း - ခွန်ဆာ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးမှာ ၀ အထူးဒေသ (၂)လားရှိုးဆက်ဆံရေးရုံး စီးပွားရေးတာဝန်ခံဆိုသူမှ မိုးပေါ်ထောင် သေနတ်ပစ်ဖောက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:14
Rating:
