မြောက်ဦးမြို့နယ်တွင် ဇနီးဖြစ်သူနှင့် ရန်ဖြစ်၍ မီးရှို့ရာမှ အိမ် ၂ လုံး မီးလောင်

( မှတ်ချက်- ဆုံးရှုံးမှု တန်ဖိုး ၅၈၀၀၀ ကျပ်မှာ တာဝန်ရှိသူ မြို့နယ် မီးသတ်ဦးစီးမှူး ပြောသည့် အတိုင်း ဖော်ပြခြင်း ဖြစ်ပါသည်။) ဓါတ်ပုံ- Wira Tun
နိရဉ္စရာ၊ ဧပြီ ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာတွင် ဧပြီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ဦးစောချေ ဆိုသူသည် ဇနီးဖြစ်သူနှင့် ရန်ဖြစ်ရာမှ မီးရှို့သဖြင့် အိမ် ၂ လုံး မီးလောင်သွားခဲ့သည်ဟု သိရသည်။

“အိမ် ၂ ဆောင် မီးထဲပါသွားပါတယ်။ တလုံးက ဓနိမိုး၊ ၀ါးခင်း၊ ၀ါကာဖြစ်ပြီးတော့ နောက်တစ်ဆောင်က အဖီ အဆောင်ငယ်တစ်ခုပါ။ အိမ် ၂ ဆောင်နဲ့အတူ စက်ဘီး ၂ စီး၊ ဆိုလာပြားတစ်ခုနဲ့ စပါး ၂ တင်း မီးထဲပါသွားပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၅၈၀၀၀ ကျပ်ပါ” ဟု မြောက်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစံထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စတင်မီးရှို့ချိန်မှာ ၂ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပြီး၊ မီးသတ်ကား ၂ စီး ဖြင့် ခရိုင်မီးသတ်ဦးစီးမှူး ကိုယ်တိုင်သွားရောက်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးက ရွာသားများနှင့် ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ၂ နာရီ ၂၅ မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးရှို့သူ ဦးစောချေ (၃၂) အား မြို့အ၀င်တွင် ရဲကဖမ်းဆီးရမိကာ ပုဒ်မ ၄၃၆၊ ပ ၅၀/၂၀၁၇ ဖြင့် မြောက်ဦးရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်ဟု သိရှိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့နယ်တွင် ဇနီးဖြစ်သူနှင့် ရန်ဖြစ်၍ မီးရှို့ရာမှ အိမ် ၂ လုံး မီးလောင် မြောက်ဦးမြို့နယ်တွင် ဇနီးဖြစ်သူနှင့် ရန်ဖြစ်၍ မီးရှို့ရာမှ အိမ် ၂ လုံး မီးလောင် Reviewed by THITHTOOLWIN on 05:21 Rating: 5
Powered by Blogger.