ကျေးရွာအုပ်စုတာဝန်ခံအား အနက်ရောင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား (၁၀) ဦးခန့်မှ အိမ်ပေါ်တက်၍ ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွား
![]() |
အိမ်ပေါ်တက်၍ ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွား |
မောင်တောမြို့နယ် ဖွေယာရွာ အိမ်ထောင်စု အမှတ် (၂၂) နေ တပ်ဦးချောင်းကျေးရွာ အုပ်စုတာဝန်ခံ အာမီအာလီ (၃၈)နှစ်သည် အိမ်၌ရှိနေစဉ် ဧပြီ ၁၇ ရက် ညပိုင်းက အနက်ရောင် မျက်နှာဖုံးစွပ်ထားသည့် အမည်( စိစစ်ဆဲ) အမျိုးသား (၁၀) ဦးခန့်မှ ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ တပ်ဦးချောင်းကျေးရွာ အုပ်စုတာဝန်ခံ အာမီအာလီ (၃၈)နှစ်သည် အိမ်၌ရှိ နေစဉ် အနက်ရောင်မျက်နှာဖုံးစွပ်ထားသည့် အမည်( စိစစ်ဆဲ) အမျိုးသား (၁၀) ဦးခန့်ရောက်ရှိလာပြီး(၂) ဦးမှာ အိမ်ပေါ်သို့တက်၍ အာမီအာလီအား ဓားဖြင့်ခုတ်၍ အိမ်အောက်သို့ဆွဲချခဲ့သည်။ ထို့နောက် အာမီအာလီ အား အိမ်၏အရှေ့၌ မျက်နှာဖုံးစွပ်ထားသည့် သူများက ဓားဖြင့်ထပ်မံခုတ်ထိုးခြင်းများပြုလုပ်ရာ ပတ်ဝန်းကျင်မှ လူများထွက်လာသဖြင့် မျက်နှာဖုံးစွပ်အဖွဲ့သည် သေနတ်(၅)ချက်ပစ်ဖောက်၍ ရွာ၏ အနောက်မြောက်ဖက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ဓားခုတ်ခံရမှုကြောင့် အာမီအာလီတွင် လက်ဖျံ၊ လက်မောင်း၊ ဦးခေါင်း ငယ်ထိပ်၊ ယာတင်ပါးပြတ်ရှ၊ နောက်ကျော ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် အာမီအာလီ၏ နေအိမ် အနီးပတ်ဝန်းကျင်၌ ရှင်းလင်းရာ ပစ္စတိုကျည်ခွံ (၂)ခုတွေ့ရှိခဲ့ပြီး မျက်နှာဖုံးစွပ် အဖွဲ့များထွက်ပြေး သည့် လမ်ကြောင်းအတိုင်း လိုက်လံ ရှင်းလင်းလျက်ရှိသည်။ သေဆုံးသွားသည့် အာမီအာလီ အား မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေး ယူဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ကျေးရွာအုပ်စုတာဝန်ခံအား အနက်ရောင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား (၁၀) ဦးခန့်မှ အိမ်ပေါ်တက်၍ ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
15:19
Rating:
