အမေရိကန်ရေတပ်မှ ဆီးရီးယား နိုင်ငံ အာဏာရှင် စစ်တပ်များ၏လေတပ် အခြေစိုက်စခန်းများအား ဒုံးကျည်များဖြင့် စတင်ပစ်ခတ်
April 7 .2017
ဧပြီလ ၇ ရက်နေ့ ဒီကနေ့ မနက်စောစောပိုင်း အမေရိကန် ရေတပ်ရေယာဉ်တွေကနေ တိုက်ချင်းပစ်းဒုံး အစင်း ၅၀ နဲ့  ဆီးရီးယား နိုင်ငံအတွင်းက ပစ်မှတ်တွေကို စတင်ပစ်ခတ်နေပြီလို့ သိရပါတယ်။
ဆီးရီးယား အာဏာရှင် al-Shayrat ရဲ့  စစ်တပ်တွေ ထိုင်ထာတဲ့ လေတပ်အခြေစိုက် စခန်းတွေကို ပစ်ခတ်တာလို့  အမေရိကန် စစ်ဖက်ဆိုင်ရာ သတင်းတွေမှာဖေါ်ပြနေပြီး၊ ယခုရက်ပိုင်းအတွင်း ဆီးရီးယား အစိုးရတပ်တွေက သူပုန်တွေရှိနေတဲ့ မြို့ပေါ်ကို chemical ဓါတု လက်နက်တွေနဲ့တိုက်ခိုက်ခဲ့လို့  ခလေးငယ်တွေအပါအ၀င် လူ၁၀၀ ကျော်သေဆုံးရတာဟာ နိုင်ငံတကာ လိုက်နာရမယ့် ဥပဒေ ကိုချိုးဖေါက်တာဖြစ်တယ်လို့  အမေရိကန်က ပြင်းပြင်းထန်ထန် ကန့် ကွက်ခဲ့ပြီး ယခုလို ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်ခဲ့တာပါ။
ဆီးရီးယား အာဏာရှင်ရဲ့ စစ်တပ်တွေနဲ့အတူ ရုရှား စစ်တပ်တွေက ကူညီတိုက်ပေးနေကြ
တဲ့အတွက် ရုရှားအစိုးရက ဘယ်လိုတုန့် ပြန်မယ်ဆိုတာမသိရသေးကြောင်း နိုင်ငံတကာ သတင်းတွေမှာ ရေးသားဖေါ်ပြနေကြပါတယ်။
Social Action for Children and Women - SAW
အမေရိကန်ရေတပ်မှ ဆီးရီးယား နိုင်ငံ အာဏာရှင် စစ်တပ်များ၏လေတပ် အခြေစိုက်စခန်းများအား ဒုံးကျည်များဖြင့် စတင်ပစ်ခတ်
Reviewed by THITHTOOLWIN
on
09:54
Rating:
