ရေကြည် - အသုတ် လမ်းပိုင်း ညောင်ငူကျေးရွာအနီး ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး


[ 12 - 4 - 2017 ] ဗုဒ္ဓဟူးနေ့

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ နယ် ရေကြည်မြို့ ပုသိမ် - မုံရွာလမ်းမကြီးပေါ် ရေကြည်
အသုတ် လမ်းပိုင်း ညောင်ငူကျေးရွာအနီးတွင် အသုတ်ဘက်သို့ ဦးတည်သွားနေသော ( ရဲအောင်လံ ) မှန်လုံယာဉ်နှင့် နှစ်ယောက်စီးလာသော ဆိုင်ကယ်ယာဉ်တို့ ဧပြီလ ၁၂ ရက်နေ့ က ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်လာသူ အသက် ( ၁၇ ) နှစ်ရှိ ငြိမ်းချမ်း ဆိုသူမှာ ကားအောက်သို့ ဝင်သွားကာ နေရာတွင်ပင် သေဆုံးသွားပါသည်။


ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ မြို့နယ် မှုခင်းရဲတပ်ဖွဲ့ဝင်များ/ မြို့ နယ်မီးသတ်တပ်ဖွဲ့ဝင်များ/
ယာဉ်ထိန်းရဲများ/ ကရုဏာ လူမှုကူညီရေးအသင်းမှ နာရေးကား တို့ဖြင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန်ဝိုင်းဝန်း ကူညီဖြေရှင်း၍ သေဆုံးသူ အလောင်းအား ဆေးရုံအအေးတိုက်သို့ ပို့ဆောင်ပေးခဲ့ကြပါသည်။

သတင်း - ဓါတ်ပုံ - Ko Aung Aung
သစ်ထူးလွင်
ရေကြည် - အသုတ် လမ်းပိုင်း ညောင်ငူကျေးရွာအနီး ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး  ရေကြည် - အသုတ် လမ်းပိုင်း ညောင်ငူကျေးရွာအနီး ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.