( ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို တွေ့ ရစဉ် ) Photo: Aung Thain Kha/RFA |
အများပြည်သူပိုင်လမ်းတွေကို ကျူးကျော်သူတွေများတဲ့အတွက် ကားရပ်နားစရာနေရာ မရှိတာတွေ ရေမြောင်းပိတ်တာတွေ ဖြစ်နေရတယ်လို့ ဦးကျော်ကျော်ထွန်းက မေးခွန်းမေးမြန်းရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နောက်ဖေးလမ်းကြားတွေ၊ ကားရပ်တဲ့နေရာတွေဟာ ပျောက်ဆုံးနေကြောင်း လမ်းဘေးတွေမှာ ကျူးကျော်တာတွေရှိတဲ့အတွက် လမ်းတွေကျဉ်းမြောင်းလာပြီး လမ်းသွားလမ်းလာတွေအတွက် အဆင်မပြေ ဖြစ်နေရကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဦးကျော်ကျော်ထွန်းရဲ့ မေးမြန်းမှုကို ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည် ဖြေကြားရာမှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ကျူးကျော်တွေကို ဖယ်ရှားဖို့အတွက် မြို့နယ်တိုင်းမှာ လုပ်ဆောင်နေကြောင်း ဆက်လက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ကျူးကျော်သူတွေ အများစုကို စည်းကမ်းတကျဖယ်ရှားနိုင်ဖို့အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ ပြည်သူတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်ပေးကြဖို့ ဦးမောင်မောင်စိုးက ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ကျူးကျော်အဆောက်အဦးတွေကိစ္စ တိုင်းလွှတ်တော်မှာ မေးမြန်း
Reviewed by THITHTOOLWIN
on
17:28
Rating: